ဝမ်းတွင်းမြို့နယ် ထနောင်းကုန်းကျေးရွာ၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအဘိတ်ဆေးခပ်ခြင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking


ဝမ်းတွင်းမြို့နယ် ထနောင်းကုန်းကျေးရွာ၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအဘိတ်ဆေးခပ်ခြင်းဆောင်ရွက်


ဝမ်းတွင်း , စက်တင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး ​ဝမ်းတွင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထနောင်းကုန်းကျေးရွာ၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းနိုင်ရေးအဘိတ်ဆေးခပ်ခြင်းကို ယနေ့နံနက်၉နာရီက ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနှင်းအိအိသွယ်၏လမ်းညွှန်မှုဖြင့် ထနောင်းကုန်းကျေးလက် ကျန်းမာရေးဌာနမှဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ထ‌နှောင်းကုန်းကျေးရွာ၌ရေတွင်း ရေကန်များ၊ ခြင်ပေါက်ပွားနိုင်သည့်နေရာများ၌ ခြင်ပေါက် ပွားမှုမရှိစေရေးအတွက် ( ဖုံး၊ သွန် ၊ လဲ ၊ စစ် ) လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်း၊ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုမရှိ စေရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)