မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ချုံချင့်နည်းပညာနှင့် စီးပွားရေးဆိုင်ရာတက္ကသိုလ်သို့ သွားရောက်လေ့လာခဲ့ခြင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ချုံချင့်နည်းပညာနှင့် စီးပွားရေးဆိုင်ရာတက္ကသိုလ်သို့ သွားရောက်လေ့လာခဲ့ခြင်း




ချုံချင့်၊ စက်တင်ဘာ ၁၇

ချုံချင့်နည်းပညာနှင့် စီးပွားရေးဆိုင်ရာတက္ကသိုလ် (Chongqing Technology and Business University-CTBU) မှ ဒုတိယပါမောက္ခချုပ် Ms. Bai Qun ၏ ဖိတ်ကြားမှုဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၁၇-၉-၂၀၂၆ ရက် နံနက် ၀၉၃၀ နာရီတွင် အဆိုပါတက္ကသိုလ်သို့ သွားရောက်၍ တက္ကသိုလ်ပါတီကော်မတီ အတွင်းရေးမှူး မစ္စတာ Zeng Weilun နှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲသို့  တက္ကသိုလ်ပါတီကော်မတီ အတွင်းရေးမှူး Mr.Zeng Weilun၊ ဒုတိယပါမောက္ခချုပ် Ms. Bai Qun နှင့် တက္ကသိုလ်စီးပွားရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ တွေ့ဆုံစဉ် ချုံချင့်နှင့် မြန်မာနိုင်ငံအကြား ပညာရေးနှင့် သုတေသနကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေး၊ မြန်မာအစိုးရဝန်ထမ်းများအတွက် ကာလတိုမွမ်းမံသင်တန်းများ ထပ်မံဖွင့်လှစ်နိုင်ရေး၊ မြန်မာကျောင်းသားများနှင့် အစိုးရဝန်ထမ်းများအတွက် ဘွဲ့ကြိုသင်တန်းများ၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းများတွင် ပညာသင်ဆုအခွင့်အလမ်းများ ပိုမိုပေးအပ်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ချုံချင့်နည်းပညာနှင့် စီးပွားရေးဆိုင်ရာတက္ကသိုလ်နှင့် မြန်မာနိုင်ငံရှိ တက္ကသိုလ်တစ်ခုတို့အကြား ပညာ‌ရေးနှင့် သုတေသနဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးရေး၊ တက္ကသိုလ်နှစ်ခုအကြား ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ အပြန်အလှန် ဖလှယ်စေလွှတ်၍ သင်ကြားရေး၊ လေ့လာရေးနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့ကိုလည်း ရင်းနှီးချစ်ကြည်စွာ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကောင်စစ်ဝန်ချုပ်သည် တက္ကသိုလ်စာကြည့်တိုက်နှင့် စီးပွားရေးပညာဌာနတို့သို့ သွားရောက်လေ့လာခဲ့ပြီး၊ အဆိုပါတက္ကသိုလ်၌ ၁၅-၉-၂၀၂၆ မှစတင်၍ ရက်သတ္တ (၁) ပတ်ကြာ ဖွင့်လှစ်ကျင်းပလျက်ရှိသည့် မြန်မာအစိုးရအရာရှိများအတွက် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ မွမ်းမံသင်တန်းသို့ တက်ရောက်လျက်ရှိသော မြန်မာအစိုးရအရာရှိများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#News #Myanmar


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)