ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားစာရင်း ကောက်ခံရေး ဆက်လက်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားစာရင်း ကောက်ခံရေး ဆက်လက်ဆောင်ရွက်




ဗန်ကောက်၊ စက်တင်ဘာ ၁၇

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းအလုပ်သမားဝန်ကြီး H.E. Mr. Julapun Amornvivat နှင့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်တွင် ထိုင်းအလုပ်သမားဝန်ကြီးဌာန၌ တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အပြီး နှစ်ဖက်အလုပ်သမားဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား ဆက်လက်တွန်းအားပေးဆောင်ရွက်ရမည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားစာရင်း ကောက်ခံရေးနှင့် ပြည်ပလုပ်သား တရားဝင်လွှဲပြောင်းငွေဆိုင်ရာ ကိစ္စရပ်များ၊ တရားဝင်အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု မြှင့်တင်ရေး၊ အလုပ်သမားစီမံခန့်ခွဲမှု ပိုမိုထိရောက်မှုရှိစေရေးနှင့် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးတို့အတွက် ခင်မင်ရင်းနှီးစွာဖြင့် နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)