ရွေ့လျားမိုဘိုင်းယာဉ်ဖြင့် ပြည်သူများ မိုဘိုင်းဆက်သွယ်မှုစနစ်ရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွေ့လျားမိုဘိုင်းယာဉ်ဖြင့် ပြည်သူများ မိုဘိုင်းဆက်သွယ်မှုစနစ်ရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိ


နေပြည်တော်၊ စက်တင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာ၌ ရွေ့လျားမိုဘိုင်းယာဉ် (COW) ဖြင့် ပြည်သူများမိုဘိုင်းဆက်သွယ်မှုစနစ်ရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ရွေ့လျားမိုဘိုင်းယာဉ် (COW) ဖြင့် မိုဘိုင်းဆက်သွယ်မှုစနစ်ရရှိစေရေး ဆောင်ရွက်ပေးမှု၊ မိုဘိုင်းဆင်းကတ်နှင့် ဖုန်းဘေလ်ဖြည့်ကတ်များ ရောင်းချပေးနေမှုတို့ကို ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်သည် ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

ထို့အတူ ရေကြီးနစ်မြုပ်နေသည့် လေးမျက်နှာမြို့ အော်တိုအိတ်ချိန်းနှင့် မိုဘိုင်းစခန်း၊ ရပ်ကွက် (၁)၊ သီရိအောင်မြေလမ်းရှိ မိုဘိုင်းစခန်း၊ ညောင်ပင်ဝန်းကျေးရွာရှိ မိုဘိုင်းစခန်းနှင့် ခမောက်စုကျေးရွာရှိ မိုဘိုင်းစခန်းများကို ကြည့်ရှုစစ်ဆေးသည်။

ထို့မှတစ်ဆင့် ဟင်္သာတမြို့နယ်ရှိ မိုက္ကရိုဝေ့စခန်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ကျုံပျော်မြို့ ငါးသိုင်းချောင်းမြို့နှင့် ရေကြည်မြို့နယ်တို့ရှိ အိတ်ချိန်းများနှင့် မိုဘိုင်းစခန်းများကိုကြည့်ရှုစစ်ဆေးပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်ပါက စက်ပစ္စည်းများကို ရေလွတ်ရာသို့ မြှင့်တင်ဆောင်ရွက်မည့်အစီအမံကို လက်တွေ့မြေပြင်အခြေအနေနှင့် ကိုက်ညီမှုရှိအောင် စိစစ်ဆောင်ရွက်ရန်နှင့် လက်ရှိ ရေအမြင့်ဆုံးမြင့်တက်ခဲ့မှု အခြေအနေနှင့်ချိန်ညှိ၍ အောက်ခံ Foundation ကိုမြှင့်တင်ရန် လိုအပ်မှု ရှိ/မရှိ စိစစ်ဆောင်ရွက်သွားရန် မှာကြားသည်။

ထို့ပြင် ဆက်သွယ်ရေးလိုင်းများ ပိုမိုကောင်းမွန်နေစေရေးနှင့် ဒေသခံပြည်သူများ အင်တာနက်နှင့် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများကို အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရန်အတွက် လိုအပ်သည့် ကြိုတင်ကာကွယ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍လည်း မှာကြားခဲ့ကြောင်း သိရသည်။


#News #Myanmar 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)