ဟူသီတွေရဲ့ ရန်က ကာကွယ်ဖို့ ဆော်ဒီက ကမ္ဘာ့နိုင်ငံတွေဆီကနေ စစ်ရေးအကူအညီတောင်းခံရပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟူသီတွေရဲ့ ရန်က ကာကွယ်ဖို့ ဆော်ဒီက ကမ္ဘာ့နိုင်ငံတွေဆီကနေ စစ်ရေးအကူအညီတောင်းခံရပြီ


စက်တင်ဘာ - ၁၈ ( သောကြာနေ့ ) 

ဆော်ဒီအာရေဗီးယား နိုင်ငံရဲ့ အဓိက လုံခြုံရေး မဟာမိတ်ဖြစ်တဲ့ အမေရိကန်က ဝင်ရောက်စွက်ဖက်ဖို့ ငြင်းဆိုလိုက်ပြီးနောက်မှာ ယီမင်နိုင်ငံက ဟူသီ သူပုန်တွေရဲ့ တိုက်ခိုက်မှုတွေဆီကနေ လေကြောင်းရန် ကာကွယ်ဖို့အတွက် ဆော်ဒီအာရေဗျနိုင်ငံဟာ ဒေသတွင်းနဲ့ ကမ္ဘာ့နိုင်ငံတွေကို အကူအညီတောင်းခံခဲ့တယ်လို့ အေပီသတင်းဌာနက ဒေသတွင်း အရာရှိတွေရဲ့ ပြောစကားကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။ အဲဒီသတင်းဌာနရဲ့ ဖော်ပြချက်အရ ရိယက် (ဆော်ဒီမြို့တော်) ဟာ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည် လုပ်တဲ့ ပစ္စည်းတွေ လိုအပ်ချက်နဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့နဲ့ ဟူသီ စစ်သွေးကြွတွေကြား လက်နက်ကိုင် ပဋိပက္ခဟာ ဇူလိုင်လလယ် လောက်မှာ ပြန်လည် စတင်လာခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင် ရက်သတ္တပတ်တွေအတွင်းမှာ ဟူသီတွေဟာ ဆော်ဒီကျောထောက်နောက်ခံပေးထားတဲ့ တပ်ဖွဲ့တွေကို ဆန့်ကျင်ပြီး နယ်မြေအမြောက်အမြားကို သိမ်းပိုက်နိုင်ခဲ့သလို ဆော်ဒီအာရေဗျအတွင်းက မဟာဗျူဟာမြောက် ပစ်မှတ်တွေကိုလည်း တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာအောင် လုပ်ဆောင်လာခဲ့ပါတယ်။

စစ်စခန်းတွေ၊ အစိုးရ အဆောက်အအုံတွေအပြင် ရေနံလုပ်ငန်း အခြေခံအဆောက်အအုံတွေကိုပါ ဟူသီတွေရဲ့ ဒရုန်းနဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေကနေ ကာကွယ်ရမှာဖြစ်တဲ့အတွက် ဆော်ဒီအာရေဗျဟာ "အရမ်းခက်ခဲတဲ့ အနေအထား" မှာ ရောက်ရှိနေတယ်လို့ ဒေသတွင်း အရာရှိတစ်ဦးက အေပီ ကို ပြောကြားခဲ့ပါတယ်။

ဒုတိယအရာရှိတစ်ဦးကတော့ ဆော်ဒီအနေနဲ့ ဟူသီတွေကို စုပေါင်းတုံ့ပြန်နိုင်ဖို့ နိုင်ငံတကာမဟာမိတ်တွေကို စုစည်းဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ "လက်ရှိဆုံးဖြတ်ချက်ကတော့ သံတမန်ရေးလမ်းစဉ်ကို အခွင့်အရေးပေးဖို့ပါပဲ" လို့ ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။ အေပီ ရဲ့ ဖော်ပြချက်အရ အိုမန်နဲ့ အီဂျစ်နိုင်ငံတို့က တင်းမာမှုတွေ လျှော့ချရေး ကြိုးပမ်းချက်တွေကို ဦးဆောင်လုပ်ဆောင်နေပါတယ်။

ဒုံးကျည်နဲ့ ဒရုန်းတွေရန်ကနေ ကာကွယ်ပေးဖို့အတွက် လေကြောင်းရန် ကာကွယ်ရေး အကူအညီတွေ စေလွှတ်ပေးဖို့ ပြင်သစ်၊ ဗြိတိန်၊ ပါကစ္စတန်နဲ့ အီဂျစ်နိုင်ငံတို့ကို ဆော်ဒီအာရေဗျက တောင်းဆိုထားတယ်လို့ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒေသတွင်း တင်းမာမှုတွေကို ဆွေးနွေးဖို့အတွက် အမေရိကန်နဲ့ ဟူသီ ကိုယ်စားလှယ်တွေရဲ့ အစည်းအဝေးတစ်ခုကို ပြီးခဲ့တဲ့သီတင်းပတ်ကုန်က အိုမန်နိုင်ငံမှာ လက်ခံကျင်းပပေးခဲ့တယ်လို့ အေပီ က ဆိုပါတယ်။ 


REF: RT

#News #Myanmar 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)