စက်တင်ဘာ - ၁၄ ( တနင်္လာနေ့ )
ဂျပန်နိုင်ငံက ရုရှားနိုင်ငံနှင့် စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားလုပ်ကိုင်နေပြီး ရုရှားပိုင်နက်အတွင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှာ ဆက်လက်ပါဝင်ရင်းနှီးမြုပ်နှံ လျက်ရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုးဗာက TASS သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ပါတယ်။
ဂျပန်နိုင်ငံက သူတို့ရဲ့ အမျိုးသားစွမ်းအင် လုံခြုံရေးကို အာမခံနိုင်ရန်အတွက် ရုရှားနိုင်ငံမှ သဘာဝဓာတ်ငွေ့ ရရှိရေးအပါအဝင် မော်စကိုနှင့် စွမ်းအင်ဆိုင်ရာ ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုများရဲ့ အရေးပါမှုကို ဆက်လက်အတည်ပြု ပြောဆိုဆဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံသည် အမေရိကန်၏ အနီးကပ်ဆုံး မဟာမိတ်နိုင်ငံ ဖြစ်ပေမဲ့ ရုရှားနိုင်ငံအတွင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများတွင် ဆက်လက် ပါဝင်ဆောင်ရွက် နေပါတယ်။
ဝါရှင်တန်အနေဖြင့် ဂျပန်နိုင်ငံအား ရုရှားနှင့် စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခွင့် ပေးထားစဉ် မှာပင် တရုတ်နှင့် အိန္ဒိယတို့ ရုရှားနှင့် ပူးပေါင်းဆောင်ရွက်နေမှုကို ဖိအားပေးရန် သို့မဟုတ် ပြစ်တင်ရှုံ့ချရန် အစဉ်တစိုက် ကြိုးပမ်းနေတဲ့ အကြောင်းရင်းအပေါ် ဇာခါရိုးဗာက မေးခွန်းထုတ်ခဲ့ပါတယ်။ အဲ့ဒိ ဖြစ်ရပ်အပေါ် အားလုံးအနေဖြင့် သင့်တော်သည့် ကောက်ချက်များ ဆွဲနိုင်ကြလိမ့်မယ်လို့ ယူဆကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
REF: TASS
#News #Myanmar



No comments:
Post a Comment