ဟုမ္မလင်းမြို့နယ်၌ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးစိုင်းနိုင်နိုင်ကျော်နှင့်တာဝန်ရှိသူများ နိုင်ငံတော်၏ ဆိုလာမြစ်ရေတင်စီမံကိန်းလျာထားဆောင်ရွက်မည့်နေရာများ ကွင်းဆင်းကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking


ဟုမ္မလင်းမြို့နယ်၌ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးစိုင်းနိုင်နိုင်ကျော်နှင့်တာဝန်ရှိသူများ နိုင်ငံတော်၏ ဆိုလာမြစ်ရေတင်စီမံကိန်းလျာထားဆောင်ရွက်မည့်နေရာများ ကွင်းဆင်းကြည့်ရှု



ဟုမ္မလင်း ,စက်တင်ဘာ ၆

စစ်ကိုင်းတိုင်ဒေသကြီး ဟုမ္မလင်းမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးစိုင်းနိုင်နိုင်ကျော် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်ဖေ၊ ဟုမ္မလင်းမြို့၊ မြို့မကျောင်းတိုက်ဆရာတော်ဦးဣန္ဒဝံသ၊ လွတ်တော်ကိုယ်စားလှယ်များ၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် တာဝန်ရှိဌာနဆိုင်ရာများ လိုက်ပါ၍ ဟုမ္မလင်းမြို့နယ် မောင်းခမ်းစံပြကျေးရွာတွင်ယမန်နေ့ ညနေပိုင်းကစိုက်ပျိုး ရေရရှိရေးနိုင်ငံတော်၏ ဆိုလာမြစ်ရေတင်စီမံကိန်း လျာထားဆောင်ရွက်မည့်နေရာများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ပြည်သူ့လွတ်တော်ကိုယ်စားလှယ်နှင့်တာဝန်ရှိများသည် ရေစုပ်စက်နှင့်စက်ပစ္စည်းများ တပ်ဆင်အသုံးပြုမည့် Pontoon ဆောင်ရွက်မည့်နေရာ၊ ဆိုလာပြားများ တပ်ဆင်ဆောင်ရွက်မည့်နေရာ၊ ရေပိုက်လမ်းသွယ်တန်းမှုနေရာများနှင့် ရေလှောင်ကန်ဆည် တည်ဆောက်မည့်နေရာများအား လိုက်လံကြည့်ရှုခဲ့ကြပြီး မြစ်ရေတင်စီမံကိန်းအတွက် လိုအပ်သည့်လုပ်ငန်းစဥ်များ၊ လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ ဆိုလာမြစ်ရေတင်စီမံကိန်းဆောင်ရွက်မည့် အင်ဂျင်နီယာ ဦးထွန်းနိုင်ဦးက ရှင်းလင်းတင်ပြချက်အပေါ် လိုအပ်သည်များ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးစိုင်းနိုင်နိုင်ကျော်နှင့်တာဝန်ရှိသူများက ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါဆို လာမြစ်ရေတင်စီမံကိန်းဆောင်ရွက်မှု အောင်မြင်ပါက မောင်းခမ်းစံပြကျေးရွာရှိ စိုက်ပျိုးဧက (၄၅၀) ကျော်အတွက် စိုက်ပျိုးရေအလုံအလောက်ရရှိမည်ဖြစ်ပြီး ရွာသူ၊ ရွာသားအားလုံးအတွက် ဒေသဝမ်းစာဖူလုံရေးအကျိုး ကျေးဇူးများရရှိမည်ဖြစ်ကြောင်းနှင့် မြေဂရန်မရှိသေးသည့် မြေနေရာများကိုလည်း မြေဂရန်ရရှိရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့မကျောင်းတိုက်ဆရာတော်ဦးဣန္ဒဝံသ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်ဖေ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ဌာနဆိုင်များက မောင်းခမ်းတိုက်နယ်ဆေးရုံသို့ သွားရောက်ကာ ဆေးဝါးကုသခံယူနေသောပြည်သူများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)