ပုဇွန်တောင်မြို့နယ် အမှတ် (၅) ရပ်ကွက်၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထပ်မံကူးစက်ပြန့်ပွားမှုမရှိစေရေး ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking


ပုဇွန်တောင်မြို့နယ် အမှတ် (၅) ရပ်ကွက်၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထပ်မံကူးစက်ပြန့်ပွားမှုမရှိစေရေး ဆောင်ရွက်

Uploading: 3029375 of 3162242 bytes uploaded.

ပုဇွန်တောင်, စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထပ်မံကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် စက်တင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းက အမှတ် (၅) ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာ၌ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသည့် လူနာနေအိမ်နှင့်ပတ်ဝန်းကျင်များ၊ ရပ်ကွက်နေပြည်သူများနှင့် အစားအသောက်ရောင်းချသည့် စျေးဆိုင်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ကူးစက်မှုမရှိစေရေးအတွက် အသိပညာပေးခြင်း၊ သောက်ရေများအား ရေသန့်ဆေးခတ်ခြင်းနှင့်သုံးရေများအား Chlorine ဆေးခတ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသည့် လူနာနှင့် ထိတွေ့သူများအား ကြိုတင်ကာကွယ်ဆေး တိုက်ကျွေးခြင်း၊ လူနာနေအိမ်နှင့်ပတ်ဝန်းကျင်အား ပိုးသတ်ဆေး (Dettol) ဖြန်းခြင်းများ ဆောင်ရွက်သည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်စွာဝင့်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန်းလှထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကြည်ဖေလင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးအောင်နှင့်ဝန်ထမ်းများ၊  မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး/ဆယ်အိမ်မှူးများ၊ မြို့နယ်မိခင်နှင့်ကလေးအသင်းဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များမှ တာဝန်ရှိသူများ ပါဝင်ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဟန်စုယဉ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)