ပခုက္ကူ၊ စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ မဟာဝိသုတာရာမ(အလယ်)တိုက် ပဓာနမဟာနာယက နိုင်ငံတော်ဩဝါဒစရိယဆရာတော် ဘဒ္ဒန္တပညာဇောတ(အဘိဓဇမဟာရဋ္ဌဂုရု) သက်တော် ၈၁နှစ်၊ သိက္ခာ ၆၁ရှိ မဟာထေရ် မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပန ပူဇော်လှုူဒါန်းငွေများ ဆက်ကပ်လှူဒါန်းခြင်းကို စက်တင်ဘာလ ၂ရက် မွန်းလွဲ ၂နာရီအချိန်က အဆိုပါတိုက်ရှိ သိမ်ကျောင်းတော်ကြီး၌ ကျင်းပပြုလုပ်သည်။
ပထမဦးစွာ ကြွရောက်တော်မူလာကြသော ဆရာတော်များနှင့် ဧည့်သည်တော်များက "နမောတဿ"သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ကြပြီး အန္တိမအဂ္ဂိဈာပနကျင်းပရေး ဩဝါဒစရိယ၊ နိုင်ငံတော်သံဃမဟာနာယကဆရာ တော် ဘဒ္ဒန္တသီဟ(အဂ္ဂမဟာပဏ္ဍိတ)က ဩဝါဒစကားမိန့်ကြားရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က အန္တိမအဂ္ဂိဈာပနအခမ်းအနားကျင်းပရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ သာသနာတော်ဆိုင်ရာများ လျှောက်ထားသည်။
ဆက်လက်၍ ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်းလှူဒါန်းသော အန္တိမအဂ္ဂိဈာပနပူဇော်လှူဒါန်းငွေများကို တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းကြပြီး အန္တိမအဂ္ဂိဈာပနကျင်းပရေးနှင့်ပတ်သက်၍ ကော်မတီများ၊ဆပ်ကော်မတီများ အလိုက် အသီးသီးဆွေးနွေးတင်ပြလျှောက်ထားကြသည်။
ဆရာတော်ကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူရင်း ၁၃၈၈ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ရက် (၂၆-၈-၂၀၂၆) ဗုဒ္ဓဟူးနေ့ နံနက် ၄နာရီတွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဘာမီသာ(ပခုက္ကူ)
#News #Myanmar





No comments:
Post a Comment