ချမ်းမြေ့ရိပ်သာကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင် နိကာယရတ္တညူမဟာနာယက၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊ ဆဋ္ဌသင်္ဂီတိ ပါဠိပဋိဝိသောဓက၊ သကျသီဟနှင့် အစိုးရသိရီ ပဝရဓမ္မာစရိယ ဘဒ္ဒန္တဇနကာဘိဝံသ ၏ ဥတုဇရုပ်ကလပ်တော်အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ သွားရောက်ဖူးမြော်ကြည်ညို
နေပြည်တော်၊ စက်တင်ဘာ ၂ဝ
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက် ပဓာန နာယက နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ ရတ္တညူမဟာနာယက၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊ ဆဋ္ဌသင်္ဂီတိ ပါဠိပဋိဝိသောဓက၊ သကျသီဟနှင့် အစိုးရသိရီ ပဝရဓမ္မာစရိယ ဘဒ္ဒန္တဇနကာဘိဝံသ မဟာထေရ်မြတ်ကြီး သက်တော်(၉၉) နှစ်၊ သိက္ခာတော်(၇၉)ဝါသည် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း (၈)ရက်၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက် (စနေနေ့)၊ ၁၁ နာရီ ၃ မိနစ်တွင် ဘဝနတ် ထံပျံလွန်တော်မူခဲ့သည်။
ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား ချမ်းမြေ့ရိပ်သာကျောင်း တိုက်၌ပူဇော်ထားရှိရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် သည် ဇနီး ဒေါ်ကြူကြူလှ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် သွားရောက်ဖူးမြော်ကြည်ညိုသည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့် ဇနီး နှင့် အဖွဲ့ဝင်များသည် နိုင်ငံတော်ဩဝါဒါစရိယ ချမ်းမြေ့ရိပ်သာကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘုရားကြီး၏ ဥတုဇ ရုပ်ကလပ်တော်အား ဖူးမြော်ကြည်ညိုကြသည်။ ယင်းနောက် ချမ်းမြေ့ရိပ်သာများ၏ ပဓာနနာယက ဆရာတော်ဘုရားကြီး ဉ္ဇူးသောဘိတာ ဘိဝံသ အမှူးပြုသည့် ဆရာ တော်ကြီးများအား ဖူမြော်ကြည်ညိုသည်။
ထို့နောက် ဗဟန်းမြို့နယ်၊ တိပိဋက မဟာဝိသုဒ္ဓါရုံကျောင်း၊ တိုက်အုပ်ဆရာ တော် ဥုးသီရိကစ္စနက နိုင်ငံတော်ဩဝါဒါစရိယ ချမ်းမြေ့ရိပ်သာကျောင်းတိုက် ပဓာန နာယက ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနားကျင်းပ ပြုလုပ်မည့် အစီအစဉ်လျာထားမှုကို ရှင်းလင်းမိန့်ကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက လျှောက်ထားရာတွင် ယခုကဲ့သို့ ပြည်တွင်း၊ ပြည်ပ သာသနာပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံသာသနာ့ တာဝန်များဆောင်ရွက် လျက်ရှိသည့် သာသနာ့အာဇာနည် ဆရာတော်ကြီးတစ်ပါး ဆုံးရှုံးရခြင်းကြောင့် နိုင်ငံတော်နှင့်ဗုဒ္ဓသာသနာတော်အတွက် ကြီးမားသည့်ဆုံးရှုံးမှုပင်ဖြစ်ပြီး မိမိတို့ အနေဖြင့် များစွာဝမ်းနည်းရပါကြောင်း၊ ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိ ဈာပန ပူဇာသဘင်အခမ်းအနားကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ပူဇော်သွားနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား လာရောက်ဖူးမြော်ကြည်ညိုကြမည့် ပြည်တွင်း၊ ပြည်ပမှ ရဟန်းသံဃာများ၊ ဒါယကာ၊ ဒါယိကာမများနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာဖြင့် သွားလာနိုင်ရေးနှင့်ဆွမ်း၊ ကွမ်းဝေယျာဝစ္စနှင့် စားသောက်တည်းခို နေထိုင်မှုများ အဆင်ပြေစေရေး စနစ်တကျ စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ရာသီဥတုပူပြင်းပြီး မိုးရွာသွန်းမှုများလည်း ရှိနေသေးသဖြင့် လာရောက်သည့် ဆရာတော်၊ သံဃာတော်များ အဆင်ပြေချောမွေ့ စွာသီတင်းသုံးနိုင်ရေးနှင့် ဒါယကာ၊ ဒါယိကာမများ အဆင်ပြေစွာနေထိုင် ဖူးမြော်နိုင် ရေးတို့အတွက် ကျောင်းတိုက်အတွင်း အရိပ်အာဝါသများရရှိအောင် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန ပူဇာသဘင်အခမ်း အနားကို ခမ်းခမ်းနားနား အောင်အောင်မြင်မြင် ကျင်းပနိုင်ရေး အတွက် ကော်မတီများ စနစ်တကျဖွဲ့စည်း၍ တာဝန်များခွဲဝေဆောင်ရွက် သွားကြမည်ဖြစ်ပါကြောင်းနှင့် အခြား သာသနာတော် ထွန်းကားပြန့်ပွားရေးဆိုင်ရာနှင့်ပတ်သက်၍ ဆွေးနွေး လျှောက်ထား တင်ပြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတက ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိ ဈာပန ပူဇာသဘင် အခမ်းအနားကို ခမ်းခမ်းနားနားဖြင့်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များဝိုင်းဝန်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေး နိုင်ရေး ပြည်ထောင်စု ဝန်ကြီးများနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့အား လိုအပ်သည်များလမ်းညွှန် မှာကြားပြီးနိုင်ငံတော်သမ္မတနှင့် ဇနီးတို့က အန္တိမအဂ္ဂိဈာပန ပူဇာသဘင်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတော်အစိုးရမှ လှူဒါန်းသည့် ငွေကျပ်သိန်း ၅၀၀ အား ပေးအပ်လှူဒါန်းရာ ချမ်းမြေ့ရိပ်သာကျောင်း ဝေယျာဝစ္စအဖွဲ့ဥက္ကဋ္ဌ ဦးစောလှိုင်က လက်ခံရယူ၍ နိုင်ငံတော်သမ္မတထံ ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေး အပ်သည်။
ထို့နောက်နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က ချမ်းမြေ့ရိပ်သာများ၏ ပဓာနနာယက ဆရာတော် ဘုရားကြီး ဉ္ဇူးသောဘိတာ ဘိဝံသ ထံ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူ ဒါန်းပြီး ဆရာတော်ကြီးက နိုင်ငံတော်ဩဝါဒါစရိယ ချမ်းမြေ့ရိပ်သာ ကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘုရားကြီးရေးသားပြုစုပူဇော်ခဲ့သည့် ဗုဒ္ဓဓမ္မ စာပေကျမ်းဂန် များအားဓမ္မလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့် အဖွဲ့ဝင်များသည် ချမ်းမြေ့ရိပ်သာ ကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား ဖူးမြော်ကြည်ညိုကြပြီး ဆရာတော်ကြီး ရေးသားပြုစုပူဇော်ခဲ့သည့် ဗုဒ္ဓဓမ္မ ကျမ်းဂန်များအား ကြည့်ရှုပူဇော်ကြသည်။ စာပေ
အဆိုပါ ချမ်းမြေ့ရိပ်သာဆရာတော်ဘုရားကြီး အလောင်းလျာကို မြန်မာ သက္ကရာဇ် ၁၂၉၀ ပြည့်နှစ်၊ ဝါခေါင်လဆန်း(၈)ရက်၊ အင်္ဂါနေ့တွင် မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပျဉ်းမကျေးရွာ၌ ခမည်းတော် ဦးဖြူမင်း၊ မယ်တော် ဒေါ်ရွှေရည်တို့မှ ဖွားမြင်တော်မူခဲ့ကြောင်း၊ ၁၃၀၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်နေ့တွင် တောင်တွင်းကြီးမြို့၊ တောရဗိမာန်ကျောင်းဆရာတော် ဘဒ္ဒန္တမာလာဝံသ ကို ဥပဇ္ဈယ် ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၀၉ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၅ ရက်တွင် တောင်တွင်းကြီးမြို့၊ တောရ ဗိမာန်ကျောင်းတိုက်၊ ခဏ္ဍသိမ်၌ ဆရာတော် ဘဒ္ဒန္တပဒုမ ကို ဥပဇ္ဈယ်ပြု၍ တောင်တွင်း ကြီးမြို့၊ ရွှေအိုးရပ်၊ ကုန်သည်ကြီး ဦးစိန်ညို+ဒေါ်လှနှစ်တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာမြင့်မြတ်သာ ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ခြင်းဖြစ်ကြောင်း။
ဆရာတော်လောင်းလျာသည် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ တောရ ဗိမာန်ကျောင်းဆရာတော် ဘဒ္ဒန္တမာလဝံသ၊ မန္တလေးမြို့၊ ဝိသုဒ္ဓါရုံတိုက်သစ်၊ စည်ရှင် ဆရာတော် ဘဒ္ဒန္တ ကောသလ္လ၊ ပိုက်ကျုံးဆရာတော် ဘဒ္ဒန္တ ဇာနေယျဗုဒ္ဓိ၊ အသောကာရုံ ဆရာတော် ဘဒ္ဒန္တ သုဝဏ္ဏဇောတိ၊ ဗာရာဏသီဆရာတော် ဘဒ္ဒန္တ အာနန္ဒပဏ္ဍိတ၊ သံတော်ဆင့်ဆရာတော် ဘဒ္ဒန္တ ဝါသဝ၊ မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ
ဝိစိတ္တာဘိဝံသ စသောဆရာတော်ကြီးများထံတွင် ပရိယတ္တိစာပေများကို သင်ယူ ဆည်းပူးတော်မူခဲ့ပြီး “ပရိယတ္တိသာသနဟိတ ဓမ္မာစရိယဘွဲ့၊ သာသနာဓဇသိရီပဝရ ဓမ္မာစရိယဘွဲ့” တို့ကိုရရှိတော်မူခဲ့ကြောင်း။
ဆရာတော်ဘုရားကြီးသည် မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ တောင်တွင်း ကြီးမြို့၊ တောရဗိမာန်စာသင်တိုက်တို့၌ စသင်သား ရဟန်း၊ သာမဏေများကို ပရိယတ္တိစာပေကျန်းဂန်များ သင်ကြားပို့ချပေးတော်မူခဲ့ခြင်း၊ ဆဋ္ဌသံဂါယနာတင်ပွဲကြီး၌ ပါဠိပဋိသောဓက အဖြစ်ဆောင်ရွက်တော်မူခဲ့ခြင်း၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက်တည်ထောင် ၍ တရားဟော တရားပြ ကမ္မဋ္ဌာနာစရိယတာဝန်များ ဆောင်ရွက်တော်မူခဲ့ခြင်း၊ မြန်မာ ဘာသာကျမ်းစာ ၃၄ အုပ်နှင့် အင်္ဂလိပ်ဘာသာကျမ်းစာ ၁၀ အုပ် စသော စာပေ ကျမ်းဂန်များ ရေးသားပြုစုတော်မူခဲ့ခြင်း၊ ရန်ကုန်မြို့၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက်နှင့် ရိပ်သာခွဲများအဖြစ် ဟင်္သာတမြို့၊ ပြင်ဦးလွင်မြို့၊ မှော်ဘီမြို့၊ အောင်ပန်းမြို့၊ တောင် ကြီးမြို့၊ လယ်ဝေးမြို့၊ တမူးမြို့တို့၌ တည်ထောင်ဖွင့်လှစ်တော်မူခဲ့ခြင်း၊ ပြည်ပနိုင်ငံများ ဖြစ်သော ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌လည်းကောင်း၊ တောင်အာဖရိကနိုင်ငံ၊ ဒါဘန် မြို့၌လည်းကောင်း၊ အမေရိကန်နိုင်ငံ၊ စပရင်းဖီးမြို့၌လည်းကောင်း၊ ပဋိပတ္တိကမ္မဋ္ဌာန်း ရိပ်သာများ တည်ထောင်ဖွင့်လှစ်၍ သာသနာပြုတော်မူခဲ့ခြင်း၊ ဆရာတော်သည် နိုင်ငံ ပေါင်းများစွာသို့ သာသနာပြုခရီး အကြိမ်(၇၀) ကျော်ကြွရောက်ခဲ့ပြီး အင်္ဂလန်နိုင်ငံ၊ အောက်စဖို့ဒ်တက္ကသိုလ်၊ ကိန်းဘရစ်ချ်တက္ကသိုလ်၊ အမေရိကန်နိုင်ငံ၊ အီလီနွိုက် တက္ကသိုလ်၊ ဟာဝိုင်ရီတက္ကသိုလ်၊ ဗန်ကူးမားတက္ကသိုလ်၊ အိုဘာလင်တက္ကသိုလ် စသော ပြည်ပနိုင်ငံတက္ကသိုလ်များ၌ ကမ္မဋ္ဌာန်းတရားများ ဟောကြားပြသတော်မူခဲ့ခြင်းနှင့် ၂၀၁၉ ခုနှစ်မှ ယနေ့အထိ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်အဖြစ် သာသနာ့တာဝန် များကို ထမ်းဆောင်တော်မူခဲ့ကြောင်း။
ထိုကဲ့သို့ ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သောဝီရိယဖြင့် သယ်ပိုးဆောင်ရွက် တော်မူခဲ့သော သာသနဓုရာဝဟဂုဏ်၊ ပရဟိတာဝဟဂုဏ်၊ သာသနဟိတဓရဂုဏ်၊ ကမ္မဋ္ဌာနနယဒေသကဂုဏ်၊ ဝိပဿနာဓုရာဝဟဂုဏ်၊ ပဋိပတ္တိဝိသာရဒဂုဏ်၊ ခမာ ဇာဂရိယဂုဏ်၊ လဇ္ဇီပေသလ သိက္ခာကာမဂုဏ် စသည်တို့နှင့် ပြည့်စုံတော်မူခြင်း တို့ကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား ၁၉၉၅ ခုနှစ်တွင် “အဂ္ဂမဟာကမ္မဋ္ဌာန စရိယ” ဘွဲ့တံဆိပ်တော်နှင့် ၂၀၀၉ ခုနှစ်တွင် “ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက” ဘွဲ့တံဆိပ် တော်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ ပါကြောင်း၊ “သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ” ဆိုသည့် မေတ္တာပို့ဆုတောင်း စကားသည် ချမ်းမြေ့ဆရာတော် ဘုရားကြီး၏ ထင်ရှားသည့် လက်သုံးမေတ္တာပို့ဩဝါဒ ကထာဖြစ်ကြောင်း၊ ဆရာတော် ဘုရားကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော် (၉၉)နှစ်၊ သိက္ခာတော် ၇၉ ဝါအရ၊ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၁ နာရီ ၃ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယခုကဲ့သို့ သာသနာတော်အကျိုးကို ဆောင်ရွက်တော်မူခဲ့သည့် နိုင်ငံတော် ဩဝါဒါစရိယဆရာတော်ဘုရားကြီး ပျံလွန်တော်မူခဲ့ခြင်းသည် သာသနာတော်နှင့် နိုင်ငံတော်အတွက် ကြီးမားသည့်ဆုံးရှုံးမှုတစ်ခုပင်ဖြစ်ပြီး ဆရာတော်ဘုရားကြီး၏ အန္တိမ အဂ္ဂိဈာပန ပူဇာသဘင်အခမ်းအနားကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပပြုလုပ် နိုင်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ လမ်းညွှန် မှုဖြင့်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
#News #Myanmar


No comments:
Post a Comment