အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံတွင် အတွဲ (၁၀၀) ပြည့် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုအောင်မြင် - Myanmar National Post

Myanmar National Post

News Agency

Breaking

အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံတွင် အတွဲ (၁၀၀) ပြည့် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုအောင်မြင်


နေပြည်တော်၊ စက်တင်ဘာ ၂၇

တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်အပြင် နိုင်ငံ့အကျိုးပြုလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ကူညီထမ်းဆောင်လျက်ရှိရာ ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များအနက် ပြည်သူများ၏ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လိုအပ်သောနေရာများတွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။     

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ တပ်မတော်သားများနှင့် မိသားစုဝင်များအပြင် ဒေသခံပြည်သူများကိုပါ တပ်မတော်ဆေးတပ်ဖွဲ့မှ ဆေးကုသရေးအဖွဲ့ပါရဂူကြီးများက စိတ်ရင်းစေတနာပြည့်ဝစွာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ အကြိမ် (၄၀) မြောက်နှင့် အတွဲ (၁၀၀) ပြည့် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို စက်တင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့သည်။ ခွဲစိတ်ကုသမှုအောင်မြင်ပြီး လူနာနှင့် ကျောက်ကပ်အလှူရှင်များ၏ ခွဲစိတ်ပြီး ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လျက်ရှိပြီး လိုအပ်သည့် ဆေးဝါးကုသပြုစုမှုများကို အချိန်နှင့်တစ်ပြေးညီ ဆက်လက်ကုသပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများကို နေပြည်တော်၊ ရန်ကုန်၊ ပြင်ဦးလွင်၊ အောင်ပန်းမြို့တို့ရှိ တပ်မတော်ဆေးရုံများတွင် တပ်မတော်သားများ၊ မိသားစုဝင်များနှင့် ပြည်သူများအား ခွဲစိတ်ကုသပေးခြင်း ဆောင်ရွက်လျက်ရှိရာ အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံတွင် ကျောက်ကပ်ဝေဒနာရှင်များအတွက် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်၌ ပထမအကြိမ် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုလူနာ (၄) တွဲအပါအဝင် အတွဲ (၁၀၀) ပြည့် အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)