ရန်ကုန်၊ စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဉီးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် MSL Industry Co., Ltd. သို့ ရောက်ရှိရာ ကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်ဖြိုးကျော် က မိမိတို့ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြပြီး စက်ရုံအတွင်း လုပ်ငန်းလည်ပတ်နေမှု အခြေအနေများကကို လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ နှင့်အဖွဲ့သည် YADANAR THEINGI INDUSTRIAL CO.,LTD သို့ ရောက်ရှိရာ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
#News #Myanmar







No comments:
Post a Comment