မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး


နေပြည်တော်၊ စက်တင်ဘာ ၁၉

မြန်မာနိုင်ငံနှင့် ဘယ်လာရုစ် နိုင်ငံတို့အကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့်နည်းပညာရပ်ဆိုင်ရာများလေ့လာနိုင်ရန် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့တွင်ရောက်ရှိနေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာ ရဲထွန်းဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၅ ရက်က ဘယ်လာရုစ်နိုင်ငံ စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Ivan Smilgin   နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်ဘယ်လာရုစ်နိုင်ငံတို့အကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှုနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။

ထို့အတူ  The  Belarusian State Association for livestock breeding "Belplemzhivoboedinenie" တွင် General Director နှင့် တာဝန်ရှိသူများအား သွားရောက်တွေ့ဆုံပြီး နို့စားနွားမျိုးထုတ်လုပ်မှုနှင့်အစာထုတ်လုပ်မှုဆိုင်ရာများကိုဆွေးနွေးကာ  နွားမျိုးရည်ထုတ် ဓာတ်ခွဲခန်းအတွင်း ကြည့်ရှုလေ့လာကြသည်။ 

အလားတူ Minsk Tractor Plant တွင် ထွန်စက်ထုတ်လုပ်မှုနှင့် စက်အလိုက်အရည်အသွေးကို သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။

စက်တင်ဘာလ ၁၆ ရက်တွင် The scientific and production center of the national academy of sciences of Belarus for agriculture ရှိ စိုက်ပျိုးရေးနှင့်တိရစ္ဆာန်အစာပင် စိုက်ပျိုးမှု၊ မျိုးစေ့ထုတ်လုပ်မှုလုပ်ငန်းများနှင့်စိုက်ပျိုးရေးစနစ်များ၊ တိရစ္ဆာန်မျိုးထုတ်လုပ်ခြင်းလုပ်ငန်းများ၊ သန္ဓေကူး ပြောင်းဓာတ်ခွဲခန်း၊ အာဟာရဗေဒဓာတ်ခွဲခန်းများကိုလည်းကောင်း၊ ZhodinoAgroPlemElita breeding enterprise ၏ နို့စားနွားမွေးမြူရေး၊ တိရစ္ဆာန်အစာထုတ်လုပ်မှုနှင့် နို့ညှစ်လုပ်ငန်းများကိုလည်းကောင်း၊ စက်တင်ဘာလ ၁၇  ရက်တွင်  The Belarusian  National Biotechnology Corporation ၏ တိရစ္ဆာန်အစာထုတ်လုပ်မှု၊ အစာရောစပ်ဖြည့်စွက်အားဆေးများ ထုတ်လုပ်မှု၊ အမိုင်နိုအက်စစ်များထုတ်လုပ်နေမှုနှင့် JSC Agrokom-binat Dzerzhinsky  ၏ ကြက်မွေးမြူခြင်းနှင့် အသားထုတ်ကုန်များ ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်းကောင်း ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။ 


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)