တာချီလိတ်မြို့တွင် ခန့်မှန်းတန်ဖိုး ငွေကျပ် ၁ ဒသမ ၂၆ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking


တာချီလိတ်မြို့တွင် ခန့်မှန်းတန်ဖိုး ငွေကျပ် ၁ ဒသမ ၂၆ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


နေပြည်တော်၊ စက်တင်ဘာ ၁၄

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေပြီး လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို အလုံးစုံပပျောက်ကင်းရှင်းစေရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တားဆီး နှိမ်နင်းတိုက်ဖျက်ရေးလုပ်ငန်းများကို နိုင်ငံအတွင်းရှိ ရနိုင်သမျှသော စွမ်းအားစု၊ အရင်းအမြစ်များ အသုံးပြုပြီး ပြည်သူလူထုနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိသည့်အပြင် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ ၁နာရီခွဲအချိန်ခန့်တွင် သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ တာလော့ရပ်ကွက်၊ တာလော့ဈေးအနီး၌ မျိုးမြင့်ဦး(ခ) မျိုးမင်းဦး ၃၀နှစ်၊ (ဘ) ဦးဖြူထွေး ပုန်းထွန်ရပ်ကွက် နေသူသည် တာလော့ရပ်ကွက် ၊ ဦးအောင်ဇေယျ လမ်းဘက်မှ အမှတ်(၁) မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားထိပ် နာရီစင်အဝိုင်းအနီး လမ်းလျှောက် လာစဉ် မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေခဲ့ရာ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ ကတ်တမင်းအဆီ ရည် ၂၈၁ ဒသမ ၆ မီလီလီတာခန့်(ဒေသ တန်ဖိုးငွေ ၈၈၄ ဒသမ ၈ သိန်းကျပ်)ခန့်အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိသူ မျိုးမြင့်ဦး(ခ) မျိုးမင်းဦး၏ ဖြေကြားချက်အရ ၎င်းထံမှ သိမ်းဆည်း ရမိသော ကတ်တမင်းအဆီရည်များအား လှိုင်ဝင်းတင့်၊ ၃၇နှစ် (ဘ)ဦးလှအောင်၊ ပါဆပ်ရပ်ကွက်၊ တာချီလိတ်မြို့ နေသူထံမှ ပြန်လည်ရောင်းချရန်ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ လှိုင်ဝင်းတင့်၊ ၃၇နှစ် (ဘ)ဦးလှအောင် သည် ပစ္စည်းဖိုးငွေရယူရန်အတွက် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ) ရပ်ကွက်ရှိ J My King ဟိုတယ်ရှေ့တွင် စောင့်ဆိုင်း နေကြောင်း သိရှိရသဖြင့် ပူးပေါင်းအဖွဲ့များမှ နေ့လည် ၁နာရီ ၃၀မိနစ်ချိန်ခန့်တွင် သွားရောက်ရှာဖွေဖမ်းဆီးခဲ့ရာ ယာဉ်အမှတ်၊7L--- -FORTUNER အမျိုးအစား၊ အနက်ရောင်ယာဉ်ဖြင့် တွေ့ရှိရသဖြင့် ထိန်းသိမ်းရှာဖွေစစ် ဆေးခဲ့ရာ ၎င်းနေအိမ်၌ မူးယစ်ဆေးဝါးများ ကျန်ရှိသေးကြောင်း ထွက်ဆိုသဖြင့် နေ့လည် ၂နာရီ ၄၀မိနစ်ခန့်တွင် ၎င်း၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်းမှ အစိမ်းရောင် ပလတ်စတစ်ခြင်းဖြင့် ထည့်ထားသည့် Polly Polar စာတန်းပါ ပန်းရောင်သံဘူးအတွင်းမှ အိုက်စ် ၀ ဒသမ ၀၄ ကီလိုဂရမ်ခန့် ဒေသတန်ဖိုး ငွေကျပ် ၃၂၀၀၀၀ ကျပ်ခန့်၊ ကတ်တမင်း ဝ ဒသမ ၀၀၅ ကီလိုဂရမ်ခန့် ဒေသတန်ဖိုး ငွေကျပ်၄၂၅၀၀ ကျပ်ခန့် ပလတ်စတစ်အကြည်ဖြင့်ထည့်လျက် အဆင့်နိမ့်ဘိန်း ၀ ဒသမ ၀၁၆ ကီလိုဂရမ် ဒေသတန်ဖိုး ငွေကျပ် ၆၄၀၀ ကျပ်ခန့်၊ အစိမ်းရောင်ပလပ်စတစ် ခြင်းအတွင်းမှ ကတ်တမင်းအဆီရည် ၃ ဒသမ ၉၂ လီတာခန့် ဒေသတန်ဖိုးငွေကျပ် သိန်း ၁၁၇၆၀ ခန့်၊ ကတ်တမင်း အဆီ ၀ ဒသမ ၈ မီလီလီတာဆီပါ Pop ခေါင်း ၁၅ခု ဒေသတန်ဖိုး ၃၆ သိန်းကျပ်ခန့်၊ စုစုပေါင်း ကတ်တမင်းအဆီရည် ၃ ဒသမ ၉၃၂ လီတာ ကာလတန်ဖိုး ၁ ဒသမ ၁၇၉ ဘီလီယံခန့်နှင့် နေအိမ်အောက်ထပ် မီးဖိုခန်းအတွင်းမှ ဘိန်းစာရွက် ၁ကီလိုဂရမ် ခန့်၊ ကာလတန်ဖိုး ငွေကျပ် ၄၀၀၀၀ ကျပ်ခန့်နှင့် ချောင်းဆိုးပျောက်ဆေးရည် ၃လီတာခန့်၊ ဒေသတန်ဖိုး ငွေကျပ် ၁၅၀၀၀၀ ကျပ်တို့အား ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ ဥပဒေအရ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံပြီး အမှုဖွင့်ဆောင်ရွက်ထားရှိကာ ဆက်စပ်တရားခံများအား ဖော်ထုတ် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#News #Myanmar


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)