ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာတိုလန်း၊ နှစ်နိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ ဧည့်ခန်းမ၌ သီးသန့်တွေ့ဆုံဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာတိုလန်း၊ နှစ်နိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ ဧည့်ခန်းမ၌ သီးသန့်တွေ့ဆုံဆွေးနွေး






ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့ စက်တင်ဘာ ၅ ရက်တွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာတိုလန်း၊ နှစ်နိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ ဧည့်ခန်းမ၌သီးသန့်တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ နိုင်ငံတော်သမ္မတနှစ်ဦးနှင့်ဇနီးတို့သည် သီးသန့်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မည့် အမျိုးသားလွှတ်တော်သို ့အတူတကွလမ်းလျှောက်ထွက်ခွာကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထိုနောက် နိုင်ငံတော်သမ္မတနှစ်ဦးတို့သည် နှစ်နိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ ဧည့်ခန်းမ၌ သီးသန့်တွေ့ဆုံဆွေးနွေးသည်။

ထိုသိုတွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။


#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)