ရုရှား-မြန်မာ နှစ်နိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (၂၀၂၇-၂၀၂၈) အား လက်မှတ်ရေးထိုး - Myanmar National Post

Myanmar National Post

News Agency

Breaking


ရုရှား-မြန်မာ နှစ်နိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (၂၀၂၇-၂၀၂၈) အား လက်မှတ်ရေးထိုး







ဗလာဒီဗော့စတော့မြို့၊ စက်တင်ဘာ ၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့၌ စက်တင်ဘာလ ၁ ရက်မှ ၄ ရက်အထိ ကျင်းပသည့် (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (11th Eastern Economic Forum)နှင့် ဆက်စပ်အစည်းအဝေး တက်ရောက်ရန် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် ကိုယ်စားလှယ်အဖွဲ့သည် ဗလာဒီဗော့စတော့မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ပြီး ၂-၉-၂၀၂၆ ရက် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်  (၂၀၂၇-၂၀၂၈) ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ယခုလက်မှတ်ရေးထိုးသည့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (၂၀၂၇-၂၀၂၈) သည် ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ဝန်ထမ်းများ လေ့ကျင့် သင်တန်းပေးခြင်း၊ အတွေ့အကြုံနှင့် နည်းပညာ ဖလှယ်နိုင်ခြင်းများကြောင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှုကို ပိုမိုခိုင်မာ အားကောင်းလာစေပြီး စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းများကို ပိုမိုအားကောင်း၍ များစွာ အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။

နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ် Mr. A.V. Gutsan က တည်ခင်းဧည့်ခံခဲ့သော အလုပ်သဘော နေ့လယ်စာ စားပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း သည် စက်တင်ဘာလ ၃ ရက် နံနက်ပိုင်းတွင် ကျင်းပသည့် (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်၏ ဆက်စပ်အစည်းအဝေးဖြစ်သော ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးမှ ကြီးမှူးကျင်းပသည့် “နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်သော စီးပွားရေးဆိုင်ရာ အန္တရာယ်ဖြစ်နိုင်ခြေများကို လျော့ချခြင်း” အစည်းအဝေးတွင် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ပါသည်။

          ၎င်းနေ့ နေ့လယ်ပိုင်းတွင် (၁၁)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်၏ “အရှေ့ဖျားစီးပွားရေးဒေသ ပြည်သူလူထု၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပသော မျက်နှာစုံညီ အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။


#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)