အမေရိကန်စစ်သားတွေ ကိုဗစ်ကာကွယ်ဆေးကြောင့် သေဆုံးခဲ့ရတာတွေကို ပြန်စစ်ဆေးနေ - Myanmar National Post

Myanmar National Post

News Agency

Breaking


အမေရိကန်စစ်သားတွေ ကိုဗစ်ကာကွယ်ဆေးကြောင့် သေဆုံးခဲ့ရတာတွေကို ပြန်စစ်ဆေးနေ


စက်တင်ဘာ - ၅ ( စနေနေ့ ) 

ယူအက်စ် တပ်မတော် ဒေါက်တာတစ်ဦးက ကိုဗစ်- ၁၉ ကာကွယ်ဆေးတွေကြောင့် အမေရိကန် စစ်သည် ၂၈ ဦး သေဆုံးခဲ့ရတယ်လို့ သိရှိထားကြောင်း သက်သေထွက်ဆိုခဲ့တယ်လို့ Politico သတင်းသတင်းဌာန က တရားရုံးထွက်ဆိုချက်ကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးထိုးပြီးနောက် သေဆုံးမှုပေါင်း ၂,၅၄၄ မှုကို အမေရိကန်အစိုးရက စုံစမ်းစစ်ဆေးနေတယ်လို့လည်း ထိုအရာရှိက ပြောကြားခဲ့ပါတယ်။

အမေရိကန် ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာ ရဲ့ အကြံပေးအဖြစ်လည်း တာဝန်ယူထားသူ ထေရီဆာ လောင်း  ဟာ ဗာဂျီးနီးယားပြည်နယ် ဖက်ဒရယ်တရားရုံး အမှုတစ်ခုမှာ ဩဂုတ် ၁၄ ရက် ထွက်ဆိုချက် အတွင်း အခုလို ထွက်ဆိုခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ထွက်ဆိုချက်နဲ့ ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုဌာန (HHS) မှာ တာဝန်ယူထားတဲ့ အခန်းကဏ္ဍတို့ကို ယခင်က သတင်းဖော်ပြခဲ့ခြင်း မရှိခဲ့ပါဘူး။ အတည်မပြုရသေးတဲ့ သေဆုံးမှု ၂,၅၄၄ မှုကို ထိုဌာနရဲ့ ကာကွယ်ဆေး ဘေးထွက်ဆိုးကျိုး သတင်းပို့စနစ် (VAERS) ထံ သတင်းပို့ထားတာ ဖြစ်တယ်လို့ ထေရီဆာ လောင်း က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန် သမ္မတဟောင်း ဂျိုး ဘိုင်ဒင် ဟာ အမေရိကန် စစ်ဘက်ဆိုင်ရာ ဝန်ထမ်းအားလုံး ကာကွယ်ဆေးထိုးနှံဖို့ သို့မဟုတ် တာဝန်မှ အနားပေးခံဖို့ အမိန့်ထုတ်ပြန်ခဲ့တာကြောင့် တပ်ဖွဲ့ဝင် ၉,၀၀၀ ကျော် ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။ အာဏာပြန်ရလာပြီးနောက် သမ္မတ ဒေါ်နယ် ထရမ့် က ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်ခဲ့လို့ ရာထူးမှ ထုတ်ပယ်ခံခဲ့ရသူတွေကို ရာထူးပြန်ပေးဖို့ ပင်တဂွန်စစ်ဌာနချုပ်ကို အမိန့်ပေးခဲ့ပါတယ်။

mRNA နည်းပညာသုံးပြီး အမြောက်အမြား ထုတ်လုပ်ခဲ့တဲ့ ကိုဗစ်- ၁၉ ကာကွယ်ဆေးတွေကို လျင်မြန်စွာ စတင်အသုံးပြုနိုင်ဖို့ အလျင်အမြန် လုပ်ဆောင်ခဲ့ကြတာပါ။ အမြတ်ငွေ ဘီလီယံပေါင်းများစွာ ရရှိခဲ့ကြတဲ့ ဆေးဝါးကုမ္ပဏီကြီးတွေဖြစ်တဲ့ Pfizer နဲ့ Moderna တို့ဟာ သူတို့ရဲ့ ကာကွယ်ဆေးတွေကြောင့် ရှားရှားပါးပါး အခြေအနေတွေမှာ နှလုံးကြွက်သား ရောင်ရမ်းမှု အန္တရာယ် မြင့်တက်လာနိုင်ကြောင်း နောက်ပိုင်းမှာ ဝန်ခံခဲ့ကြပါတယ်။

CIA ရဲ့ ကမ္ဘာ့ကျန်းမာရေး ဝန်ဆောင်မှုဌာန ညွှန်ကြားရေးမှူး တာဝန်မှ ထေရီ အဒီရင်မ် ကို ထုတ်ပယ်မှုနဲ့ ပတ်သက်ပြီး ခရိုင်တရားသူကြီး မိုက်ကယ် နက်ခ်မန်နော့ဖ် ကြားနာနေတဲ့ တရားစွဲဆိုမှုမှာ ထေရီဆာ လောင်း က တရားခံဘက်ကနေ သက်သေထွက်ဆိုခဲ့တာပါ။ အဒီရင်မ် ကတော့ သတင်းအချက်အလက် စုံစမ်းထောက်လှမ်းရေး အေဂျင်စီ (CIA) ဟာ နိုင်ငံရေးအကြောင်းပြချက်တွေကြောင့်၊ အထူးသဖြင့် သူမရဲ့ ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံရေး တိုက်တွန်းအားပေးမှုတွေကြောင့် သူမကို ရာထူးမှ ထုတ်ပယ်ခဲ့တာဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။


REF: RT

#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)