ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့နယ် ငဝန်တာနိမ့်ကျမှုအပေါ် ရေဝင်လမ်းကြောင်း ထိန်းချုပ်ဆောင်ရွက်နိုင်မှုအား ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့နယ် ငဝန်တာနိမ့်ကျမှုအပေါ် ရေဝင်လမ်းကြောင်း ထိန်းချုပ်ဆောင်ရွက်နိုင်မှုအား ကြည့်ရှုစစ်ဆေး














ပုသိမ်၊ စက်တင်ဘာ ၈

 ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ငဝန်တာ၏အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျပြီး ရေကျော်စီးဝင်ခဲ့သဖြင့် တာတမံ အရေးပေါ်ကာကွယ်ရေးလုပ်ငန်းနှင့် ရေဝင်လမ်းကြောင်း ပိတ်ဆို့ရေးလုပ်ငန်းများကို ဩဂုတ်လ(၄) ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ရေဝင်လမ်းကြောင်းကို ထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့သည် တပ်မတော်သားများ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများစုပေါင်း၍ Steel Sheet Pile များ ပိုမိုတည်ငြိမ် ခိုင်ခံ့စေရန် အနောက်ဘက်မှ ထောက်ကန်ပေးနိုင်ရေးအတွက် သဲအိတ်များချခြင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ရွှေစင်ကြယ်နှင့် ရွှေနန်းတော် ဆောက်လုပ်ရေးရေယာဉ်များက  Steel Sheet Pile များကို ကရိန်းနှင့် Silent Pile Driver, Electric Vibratoury Pile Hammer များ အသုံးပြု၍ ရိုက်သွင်းခြင်း၊ ကာရံပိတ်ဆို့ပြီးသော Steel Sheet Pile များအား အတွင်းအပြင်ရေမျက်နှာပြင် ကွာခြားလာမှုကြောင့် ပြင်ပ ရေတွန်းအားဖြစ်ပေါ်လာမှုအား ခံနိုင်ရည်ရှိရန်အတွက် Jumbo Bags(သဲအိတ်)များ ဆက်လက်ချခြင်း၊ သဲအိတ်များကာရံခြင်းနှင့် ဧရာမောင်သောင်တူးစက်ကြီး ရေယာဉ်တွဲဖြင့် သဲတူးဖော်ပြီး ပန်းတာရေဝင်လမ်းအနီးသို့ သဲမှုတ် သွင်းခြင်း၊ Sheet Pile များအား ခိုင်မာမှုရှိစေရန် သံမဏိဒေါက်တိုင်များ ထပ်မံကျားကန် ထောက်ပေး ခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကာ ငဝန်တာနိမ့်ကျမှုအပေါ် ရေဝင်လမ်းကြောင်းထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နေကြသည့် တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများကို နေ့လယ်စာ ဒံပေါက်ဘူးများနှင့် Mytel ဆင်းကတ်များ လှူဒါန်းခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့၊ အမှတ်(၅)ရပ်ကွက်သို့ သွားရောက်၍ ရေပြန်လည်ကျဆင်းမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ရေပြန်လည် ကျဆင်းလာသဖြင့် ၎င်းတို့၏နေအိမ်များတွင် ပြန်လည်နေထိုင်နေကြသည့် ပြည်သူများကို ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

ငဝန်ရေကာတာသည် လေးမျက်နှာမြို့နယ်အတွင်း တာမိုင် ၁၉/၁ မှ ၃၉/၀ အထိ မိုင် ၂၀ ခန့်ရှည်လျားပြီး မြို့ပေါ်ရပ်ကွက် (၅) ခုနှင့် ကျေးရွာအုပ်စု (၂၁) အုပ်စုတို့ကို ကာကွယ်ထားရာ ငဝန်ရေကာတာ၏ တာမိုင် ၂၅/၃ နေရာတွင် ရေကျော်စီးဝင်မှု စတင်ခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်စတင်သည်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဆောင်ကာ အရေးပေါ်ကယ်ဆယ်ရေးနှင့် တုံ့ပြန်ရေးအဖွဲ့များ စတင်စုဖွဲ့ခဲ့ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အနယ်နယ်အရပ်ရပ်မှ လူမှုကူညီရေးအသင်းအဖွဲ့များ စသည့်အဖွဲ့များပူးပေါင်း၍ အရေပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ပြည်သူများအား ယာယီ ရေရှောင်စခန်းများသို့ အချိန်မီပို့ဆောင်ပေးနိုင်ခဲ့သဖြင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိခဲ့ခြင်း ဖြစ်ပါကြောင်း၊ တာတမံအရေးပေါ်ကာကွယ်ရေးလုပ်ငန်းနှင့် ရေဝင်လမ်းကြောင်း ပိတ်ဆို့ရေးလုပ်ငန်းများကိုလည်း နိုင်ငံတော်အကြီးအကဲများ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီး များ၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များက အနီးကပ် ကြီးကြပ်ကာ ပညာရှင်များနှင့် ကျွမ်းကျင်လုပ်သားများက နေ့ရောညပါ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ခြင်းကြောင့် ယနေ့တွင် ရေဝင်လမ်းကြောင်းကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)