နေပြည်တော်၊ စက်တင်ဘာ ၂
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဩဂုတ်လ ၃၀ ရက်နေ့ ၀၄၀၀ အချိန် တောင်ငူမြို့၊ အမှတ်(၂၂)ရပ်ကွက်အနီးတွင် ပန်းအောင်(ခ)အောင်ပေ နှင့် မနော်ဌေးဌေးစိုး တို့အား TOYOTA IPSUM အမျိုးအစား မော်တော်ယာဉ်နှင့် TOYOTA ALPHARD အမျိုးအစား မော်တော်ယာဉ်တို့နှင့်အတူ ဘိန်းဖြူ အလေးချိန် ၆.၃၄ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၂,၂၁၉ သိန်း)၊ စိတ်ကြွဆေးပြား ၈၁၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၂၁၅ ဘီလီယံ)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ပန်းအောင်(ခ)အောင်ပေ(၃၉)နှစ် နှင့် မနော်ဌေးဌေးစိုး (၂၀)နှစ်တို့အား တောင်ငူမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#News #Myanmar

No comments:
Post a Comment