ပဲခူး စက်တင်ဘာ ၁၄
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တစ်နိုင်ငံလုံး အမှတ် အများဆုံးရရှိသည့် ကျောင်းသား/ကျောင်းသူ(၅)ဦးနှင့် (၆)ဘာသာဂုဏ်ထူးရရှိသူ(၉)ဦးအား လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး ဒေါ်စိုးစိုးသက်က (၆)ဘာသာဂုဏ်ထူးရရှိသူ(၆)ဦးအား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေအား ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက (၆)ဘာသာ၊ (၅)ဘာသာ နှင့် (၄)ဘာသာဂုဏ်ထူးရရှိသူများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ အသီးသီး ချီးမြှင်ပေးအပ်ခဲ့ ကြသည်။
ယင်းနောက် တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူးက မြန်မာတစ်နိုင်ငံလုံးတွင် အဆင့်(၁)မှ အဆင့်(၁၀)အတွင်း ထူးချွန်စွာအောင်မြင်နိုင်ရေး စီမံဆောင်ရွက်ပေးသည့် ကျောင်းအုပ်(၃)ဦး၊ တိုင်းဒေသကြီး အဆင့် အကောင်းဆုံးရရှိသည့် အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်းနှင့် မြို့နယ်(၃)မြို့နယ်အား ဆုများအသီးသီးချီးမြှင့်ပေးအပ်ကြသည်။ ၎င်းနောက် ဆုရကျောင်းသား/ကျောင်းသူများ ကိုယ်စား တစ်နိုင်ငံလုံး ဝိဇ္ဇာဘာသာတွဲ အမှတ်အများဆုံး ပထမရရှိသော အထက -ကျောက်တံခါးမှ မစုမြတ်အောင် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ကျောင်းသား/သူများက တေးသီချင်းဖြင့် ကပြသီဆို ဖျော်ဖြေတင်ဆက်ခဲ့ကြရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီးက ဂုဏ်ပြုဆုငွေများချီးမြှင့် ပေးအပ်ခဲ့ကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး၌ အမှတ်အများဆုံး(၅)ဦး၊ ၆ ဘာသာ(၂၅)ဦး၊ ၅ ဘာသာ(၇၄)ဦး၊ ၄ ဘာသာ(၂၂၅)ဦး ရရှိကြကြောင်းသိရသည်။
#News #Myanmar













No comments:
Post a Comment