ပခုက္ကူမြို့၌ (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမြို့၌ (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း





ပခုက္ကူ၊ စက်တင်ဘာ ၂၆

၂၀၂၆ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့တွင် ကျရောက်မည့် (၆၂)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် ယနေ့နံနက် ၈နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ စုပေါင်း သွေးလှူဒါန်းကြသည်။

ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးကြည်ခိုင်ဦးဆောင်မှုဖြင့် မြို့မရဲစခန်းမှူး ဒုတိယရဲမှူး မျိုးအောင်၊ ခရိုင်/မြို့နယ်ရဲ တပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများနှင့်မိသားစုဝင်များ စုစုပေါင်း(၃၀)ဦးတို့အား လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် သွေးအုပ်စုခွဲခြင်းများဆောင်ရွက်ပေးပြီး  သတ်မှတ်နေရာအသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြရာ ခရိုင်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်ဆေးရုံအုပ် ကြီး ဒေါက်တာဝေဝေဦးတို့က ကြည့်ရှုအားပေးကြပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အားဆေးများပေးအပ်ခဲ့ကြကြောင်း သိရသည်။


ဘာမီသာ(ပခုက္ကူ)

#News #Myanmar 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)