မကွေး ,စက်တင်ဘာ ၇
ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၁/၂၀၂၄)နှင့် (၂/၂၀၂၄)တို့မှ ထပ်မံရောက်ရှိလာသူများနှင့် အပတ်စဉ်(၃/၂၀၂၄) နှင့် (၄/၂၀၂၄)တို့တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီးနေရပ်သို ပြန်လည်ရောက်ရှိလာသော ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခြင်း အခမ်းအနားကို စက်တင်ဘာလ ၅ ရက်နေ့ ညနေပိုင်းက မကွေးမြို၊ မြိုတော်ခန်းမ၌ကျင်းပပြုလုပ်ရာ၊ အခမ်းအနားသို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် နေရပ်ပြန်ပြည်သူ့စစ်မှုထမ်းများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် မိမိတို့အသက်အရွယ်၊ အတွေ့အကြုံနှင့် စွမ်းဆောင်ရည်များဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက်ပေးအပ်လာသည့် စစ်မှုထမ်းတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်းပြည်သူ့စစ်မှုထမ်းများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို လှိုက်လှိုက်လှဲလှဲအသိအမှတ်ပြုဂုဏ်ယူ ပါကြောင်း၊ပြည်သူများကလေးစား အတုယူစရာဂုဏ်ပြုထိုက်တဲ့ ဂုဏ်ယူရတဲ့စစ်မှုထမ်း လူငယ်တွေဖြစ်တဲ့အတွက် မိမိဒေသအကျိုး၊ မိမိနိုင်ငံတော်အကျိုးကို ဆက်လက်သယ်ပိုးထမ်းဆောင်သွားရန်တိုက် တွန်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့က မကွေးတိုင်းဒေသကြီးမှ တာဝန်ထမ်းဆောင်ခဲ့ကြသူ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်(၁)နှင့် (၂)တို့မှ ထပ်မံရောက်ရှိလာသူ(၃၉)ဦးနှင့် အပတ်စဉ်(၃)နှင့်(၄)တို့မှ ပြန်လည်ရောက်ရှိလာသူ(၁၇၉)ဦး စုစုပေါင်း(၂၁၈)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၁)သိန်းနှုန်းဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့ကာ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခဲ့ကြသည်။
ဂုဏ်ပြုညစာ သုံးဆောင်နေစဉ်အတွင်း အနုပညာရှင်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြပြီး အခမ်းနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေရပ်ပြန်နိုင်ငံ့သားကောင်းပြည်သူ့စစ်မှုထမ်းအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment