ဟင်္သာတ, စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ သခွတ်ချောင်းအုပ်စုတွင် ငဝန်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခြင်းဖြစ်ပွားခဲ့ရာ လေးမျက်နှာမြို့နယ်နှင့် ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေများဝင်ရောက်မှုကြောင့် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် လျှပ်စစ်ဓာတ်အားများကို သြဂုတ်လ ၄ ရက်နေ့ကစတင်၍ ယာယီဖြတ်တောက်ထားခဲ့ ကြောင်းသိရသည်။
ငဝန်မြစ်ရေ ပြန်လည်ကျဆင်းသည့် ကျေးရွာများသို့ လျှပ်စစ်ဓါတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ရန် ဟင်္သာတခရိုင် သဘာဝေဘးအန္တရာယ်စီမံခန့်ခွဲမှုဥက္ကဋ္ဌ၏ စီမံခန့်ခွဲမှုဖြင့်ဟင်္သာတခရိုင် လျှပ်စစ်အင်ဂျင်နီယာမှူး ဒေါ်သန်းသန်းအေး၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် လျှပ်စစ်မီးလင်းရေးလုပ်ငန်းများကို ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့ လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ယူထိန်းသိမ်းသော ဓါတ်အားပိတ်ထားသည့် တလုတ္ထော်နှင့် စာရေးကွင်းကြားရှိ ကျေးရွာ ၁၃ ရွာနှင့် လေးမျက်နှာမြို့ လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ယူထိန်းသိမ်းထားသော ဓါတ်အားပိတ်ထားသည့် စာရေးကွင်းကျေးရွာသို့ လျှပ်ဓါတ်အားပြန်လည်ရရှိရေး ဆောင်ရွက်ခဲ့ကြသည်။
ဟင်္သာတမြို့နယ် လဟာပကျေးရွာအုပ်စု၊ လဟာပကျေးရွာတွင် (200 KVA)၊ တောင်ပို့တန်းကျေးရွာ (100 KVA) ၊ ကညင်ငူကျေးရွာအုပ်စုက ညင်ငူကျေးရွာ (50 KVA)၊ အုတ်ပုံကျေးရွာ (200 KVA)၊ လယ်ဦးစုကျေးရွာ၌ (50 KVA)၊ ဇရပ်ကွင်းကျေးရွာအုပ်စု ငနုတ်ဆည်ကျေးရွာ (50 KVA)၊ သင်္ကန်းတောကျေးရွာ(50 KVA)နှင့်လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာစုစုပေါင်း ကျေးရွာ (၈) ရွာတို့တွင် ယမန်နေ့ညကလျှပ်စစ်ဓါတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment