ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်း








ပဲခူး၊ စက်တင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက်ပိုင်းက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တက်ရောက်လာသည့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ တိုင်းခွဲတာဝန်ခံများ၊ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်၊ သင်တန်းကျောင်းတို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများတို့အား နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက် များအား ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် သီးထပ်စွမ်းအား တိုးတက်စေရေး ဆောင်ရွက် သွားရန်လိုအပ်သလို အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေရှားပါးမှုမဖြစ်ပေါ်စေရေး ချောင်းပိတ်၊ မြောင်းပိတ်လုပ်ငန်းများ ကြိုတင်ဆောင်ရွက်ရန်နှင့် စားဖိုဆောင်သီးနှံ တစ်အုပ်တစ်မ စိုက်ခင်းများ ဖော်ဆောင်ရန်ဖြစ်ကြောင်း၊ စားရေရိက္ခာဖူလုံစေရေးနှင့် မွေးမြူသူနှင့် စားသုံးသူကြား ဈေးနှုန်းသင့်တင့် မျှတမှုရှိစေရေး တိုးချဲ့မွေးမြူနိုင်ရန်အတွက် အခွင့်အလမ်းများ ဖန်တီးပေးရန်ဖြစ်ကြောင်း၊ တားမြစ်ထား သည့် ပိုးသတ်ဆေးများ ရောင်းဝယ်သုံးစွဲမှုမရှိစေရေး ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မြစ်သဲကျောက် ထုတ်လုပ်ရေးလုပ်ငန်းများ ပြန်လည်စိစစ်ရန်၊ ရသင့်ရထိုက် သည့် အခွန်ဘဏ္ဍာငွေများရရှိရေးနှင့် အခွန်ထမ်းသစ်များ ပေါ်ထွက်လာစေရေး ဆောင်ရွက်ရန်ဖြစ် ကြောင်း၊ ကျောင်းနေအရွယ်လူတိုင်း အခြေခံပညာကျောင်းများတွင် KG+9 အတန်းပညာ မဖြစ်မနေ သင်ယူတတ်မြောက်နိုင်စေရေး၊ တန်းစဉ်ကူးပြောင်းမှု တိုးတက်လာစေရေး ဘက်စုံဖြည့်ဆည်းဆောင်ရွက် ရန်နှင့် အားကစားကဏ္ဍ တိုးတက်စေရေး လိုအပ်သည်များ ပံ့ပိုးသွားကြရန် ပြောကြားခဲ့သည်။

 ထို့နောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာဌာနများအလိုက် ပုံမှန်ရုံးလုပ်ငန်း များ ဆောင်ရွက်နေမှု၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပထမ(၆)လပတ်အတွင်း ကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

 ယင်းနောက် အစိုးရအဖွဲ့ တာဝန်ရှိသူများက ဝန်ကြီးဌာနများအလိုက် စီမံကိန်း ရည်မှန်းချက်များ အပေါ် ရာနှုန်းပြည့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးစီးဌာနတစ်ခုချင်းအလိုက် လိုအပ်သည်များ အသေးစိတ် ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)