ကမ္ဘာ့စွမ်းအင်အတွက် ဆော်ဒီအာရေဗျမှရရှိနိုင်သောရေနံပမာဏ ၄ ရာခိုင်နှုန်းအထိဆုံးရှုံးနိုင် - Myanmar National Post

Myanmar National Post

News Agency

Breaking


ကမ္ဘာ့စွမ်းအင်အတွက် ဆော်ဒီအာရေဗျမှရရှိနိုင်သောရေနံပမာဏ ၄ ရာခိုင်နှုန်းအထိဆုံးရှုံးနိုင်


ဆော်ဒီအာရေဗျနိုင်ငံ၏ ပင်လယ်နီသို့ ဦးတည်သွယ်တန်းထားသော ပင်မအရှေ့-အနောက် ရေနံပိုက်လိုင်းကို ရက်ပိုင်းအတွင်း ပြန်မလည်ပတ်နိုင်ပါက ကမ္ဘာ့စွမ်းအင်အတွက် ဆော်ဒီအာရေဗျမှရရှိနိုင်သော ရေနံပမာဏ ၄ ရာခိုင်နှုန်းအထိ ဆုံးရှုံးနိုင်ပြီး ကမ္ဘာ့ရေနံပြတ်လပ်မှုကို ပိုမိုဆိုးရွားစေနိုင်ကြောင်း ဆော်ဒီအာရေဗျမှ ရေနံဝယ်ယူသူများနှင့်ကုန်သည်များက စက်တင်ဘာလ ၁၃ ရက်တွင်သတိပေးသည်။

ပြီးခဲ့သည့် သီတင်းပတ်ကဖြစ်ပွားသောဒရုန်းတိုက်ခိုက်မှုများကြောင့် ထိုအရှေ့-အနောက် ရေနံပိုက်လိုင်းကို ပိတ်ထားခဲ့ရခြင်းဖြစ်ပြီး   ထိခိုက်ပျက်စီးမှုပမာဏနှင့် မည်မျှကြာသည်အထိပိတ်ထားရမည်ကို ဆော်ဒီအာရေဗျဘက်က  အသေးစိတ်ထုတ်ပြန်ခြင်းမရှိသေးပေ။ အချို့သတင်းအရင်းအမြစ်များ၏ အဆိုအရ ပြင်ဆင်မှုများလုပ်ရန် သီတင်းပတ် ငါးပတ်မှခြောက်ပတ်အထိ ကြာမြင့်နိုင်သည်ဟုသိရသည်။

လွန်ခဲ့သည့် ၆ လအတွင်းစစ်ပွဲများကြောင့် ဟော်မုရေလက်ကြားပိတ်ဆို့မှုဖြစ်ပွားချိန်တွင် ဆော်ဒီအာရေဗျက ယင်းပိုက်လိုင်းကိုအသုံးပြု၍ ပင်လယ်နီဒေသရှိယန်ဘူဆိပ်ကမ်းသို့ တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း ၄ သန်းခန့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လက်ရှိတွင် ယန်ဘူဆိပ်ကမ်း၌ ၅ ရက်မှ ၇ ရက်စာခန့်သာပို့ကုန်ကျန်ရှိတော့ပြီး အီဂျစ်နိုင်ငံရှိသိုလှောင်ကန်များမှ ရေနံများပါကုန်လွန်သွားပါက ရေနံထောက်ပံ့မှုမှာလုံးဝပြတ်တောက်သွားမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ၏ထုတ်ပြန်ချက်အရ ဩဂုတ်လအတွင်း ဆော်ဒီအာရေဗျနိုင်ငံ၏ ရေနံထောက်ပံ့မှုသည်  နှစ် ၃၀ အတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီး ယခုနှစ်အတွင်း ကမ္ဘာ့ရေနံထောက်ပံ့မှု၏ ၆ ရာခိုင်နှုန်းခန့်ဖြစ်သောတစ်ရက်လျှင် ရေနံစည် ၅ ဒသမ ၇ သန်းခန့် လျော့ကျသွား နိုင်သည်ဟု သတိပေးထားသည်။   


Ref: AGC

#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)