နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပညာရေးဝန်ကြီးဌာန လှိုင်တက္ကသိုလ်နယ်မြေ ကြည့်ရှုစစ်ဆေး၊ ထူးချွန်ကျောင်းသားများ မွေးထုတ်ရေးနှင့် တက္ကသိုလ်များ အဆင့်အတန်းမြင့်မားရေး လမ်းညွှန် - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပညာရေးဝန်ကြီးဌာန လှိုင်တက္ကသိုလ်နယ်မြေ ကြည့်ရှုစစ်ဆေး၊ ထူးချွန်ကျောင်းသားများ မွေးထုတ်ရေးနှင့် တက္ကသိုလ်များ အဆင့်အတန်းမြင့်မားရေး လမ်းညွှန်







ရန်ကုန်၊ စက်တင်ဘာ ၂၇

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် စက်တင်ဘာ ၂၇ ရက်တွင် ပညာရေးဝန်ကြီးဌာန လှိုင်တက္ကသိုလ်နယ်မြေသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး နိုင်ငံတော်အတွက် လိုအပ်သည့် အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး၊ ထူးချွန်ကျောင်းသားများကို စနစ်တကျ ရွေးချယ်လေ့ကျင့်ပျိုးထောင်ရေး၊ တက္ကသိုလ်များ၏ အဆင့်အတန်းနှင့် ဥပဓိရုပ် ကောင်းမွန်ရေးတိုကို လမ်းညွှန်မှာကြားခဲ့သည်။

ကြည့်ရှုစစ်ဆေးစဉ် အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူများက လှိုင်တက္ကသိုလ်နယ်မြေရှိ တက္ကသိုလ်များ၏ လက်ရှိအခြေအနေ၊ ကျောင်းသားများ ပညာသင်ကြားနေမှု၊ အခြေခံအဆောက်အအုံနှင့် ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်များကို Presentation ဖြင့် ရှင်းလင်းတင်ပြခဲ့ကြပါသည်။

နိုင်ငံတော်သမ္မတက "ထူးချွန်ပြီး အရည်အချင်းပြည့်မီသည့် ကျောင်းသားများ မွေးထုတ်နိုင်ရေး အလေးထားစိစစ်ဆောင်ရွက်ရန်။ ထူးချွန်ကျောင်းသားများကို နိုင်ငံတော်အတွက် လိုအပ်သည့် Human Resources (HR) များအဖြစ် စနစ်တကျ လေ့ကျင့်မွေးထုတ်ပြီး နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နိုင်ရေး အာမခံချက်ရှိသည့် စနစ်တစ်ရပ် ဖော်ဆောင်ရန်။ ထူးချွန်ထက်မြက်သည့် ကျောင်းသားများ၏ အရည်အသွေးကို ပိုမိုမြှင့်တင်ပေးနိုင်သည့် ပညာရေးပတ်ဝန်းကျင်နှင့် သင်ကြားရေးစနစ်များ ဖော်ဆောင်ရန်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို၏ ဖွဲစည်းပုံနှင့် Campus များကို လိုအပ်ချက်နှင့် လက်တွေ့အခြေအနေအပေါ်မူတည်၍ ပေါင်းစည်းခြင်း၊ သီးခြားခွဲထုတ်ခြင်းတိုကို စနစ်တကျ လေ့လာသုံးသပ်ဆောင်ရွက်ရန်။ ရန်ကုန်ပညာရေးတက္ကသိုလ်ရှိ (၆)ထပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံးပြီးစီးရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန် နှင့်Foundation ခိုင်မာမှု၊ အဆောက်အအုံဆိုင်ရာ ဘေးကင်းလုံခြုံမှုတိုကို စစ်ဆေးရန်။ တက္ကသိုလ်များ အဆင့်အတန်းမီရေး၊ ပညာရေးပတ်ဝန်းကျင်ကောင်းမွန်ရေးနှင့် Campus များ၏ ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ရန်"တို့ကို မှာကြားခဲ့သည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)