စက်သုံးဆီသယ်ယူပို့ဆောင်သည့် မော်တော်ယာဉ်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ သယ်ယူပို့ဆောင်ခြင်း ရှိ/မရှိ ကြီးကြပ်စစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking


စက်သုံးဆီသယ်ယူပို့ဆောင်သည့် မော်တော်ယာဉ်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ သယ်ယူပို့ဆောင်ခြင်း ရှိ/မရှိ ကြီးကြပ်စစ်ဆေး



နေပြည်တော်၊ စက်တင်ဘာ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဖြတ်သန်းသွားလာ၍ စက်သုံးဆီသယ်ယူပို့ဆောင်ကြသည့် မော်တော်ယာဉ်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ သယ်ယူပို့ဆောင်ခြင်း ရှိ/မရှိ ကြီးကြပ်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံးကျေးရွာအုပ်စု၊ ပုရွက်ဆိတ်ကုန်းကျေးရွာ၊ အောင်ငြိမ်းစေ စက်သုံးဆီအရောင်းဆိုင်ရှေ့၊ ရန်ကုန်-မန္တလေး (မြို့ရှောင်လမ်း)၊ မိုင်တိုင်အမှတ် ၂၁၇/၇ တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စက်သုံးဆီသယ်ယူပို့ဆောင်ကြသည့် မော်တော်ယာဉ်များအား စစ်ဆေးရာတွင် နေပြည်တော် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ နေပြည်တော်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးမှ ညွှန်ကြားရေးမှူး ဦးလှမျိုးထွန်းနှင့် တာဝန်ရှိသူများက စက်သုံးဆီသယ်ယူပို့ဆောင်သည့် မော်တော်ယာဉ်များတွင် စက်သုံးဆီသယ်ယူခွင့် မျှောစာများပါရှိခြင်း ရှိ/မရှိ၊ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ သယ်ဆောင်ခြင်း ရှိ/မရှိနှင့် စက်သုံးဆီများအား သက်ဆိုင်မှုမရှိသည့်နေရာများသို့ ရောက်ရှိမှုမရှိစေရေးနှင့် သတ်မှတ်ထားသည့်နေရာသို့ ပို့ဆောင်ခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)