ခရမ်းမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပါရှိမှုရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking


ခရမ်းမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပါရှိမှုရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်



ခရမ်း ,စက်တင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပါရှိမှု ရှိ/မရှိစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ခရမ်းမြို့မ‌ဈေးကြီးအတွင်းရှိ‌ ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဥ်း၍  ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များပါရှိမှု ရှိ/မရှိစားသုံးသူရေးရာဦးစီးဌာန၊ ကော်မရှင်ကထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ နဲ့ကိုက်ညီမှု ရှိ၊မရှိ သက်ဆိုင်ရာဌာနတွေရဲ့ ထောက်ခံချက်များ ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူ ရေးရာ ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ခင်နှင်းဝေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)