မရမ်းကုန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုက်ဝိုင်းဘုရားလမ်းမဘေး ဝဲ၊ ယာသို့ အနည်းငယ် ရေကျော်တက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မရမ်းကုန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုက်ဝိုင်းဘုရားလမ်းမဘေး ဝဲ၊ ယာသို့ အနည်းငယ် ရေကျော်တက်

 


မရမ်းကုန်း ,စက်တင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က မိုသည်းထန်စွာရွာသွန်းခဲ့မှု‌ကြောင့် အမှတ် (၃) ရပ်ကွက် ကျိုက်ဝိုင်းဘုရားလမ်းရှိ မြေနိမ့်ပိုင်းများတွင် ကားလမ်းမဘေး ဝဲ၊ ယာသို့ အနည်းငယ် ရေကျော်တက်မှုဖြစ်ပေါ်ခဲ့သည်။

ထိုသို့ ရေကျော်တက်လာမှုကြောင့် ကားလမ်းမဘေး ဝဲ၊ ယာနှင့် မြေနိမ့်ပိုင်းနေရာများတွင် အနည်းငယ် ရေကျော်တက်လာသဖြင့် မီးပွိုင့်၊ လမ်းဆုံများတွင် ယာဥ်ကြောများ ပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ပြီး အများပြည်သူသွားလာဆက်သွယ်ရေး အနည်းငယ်အခက်အခဲ ဖြစ်ပေါ်ခဲ့ရကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောကြားသည်။ထိုနောက် မွန်းလွဲ ၅ နာရီခွဲခန့်တွင် မိုးရွာသွန်းမှုမရှိတော့သဖြင့် ရေများပြန်လည်ကျဆင်းခဲ့ပြီး ဒေသခံပြည်သူများအနေဖြင့် ပုံမှန်အတိုင်းသွားလာလှုပ်ရှားမှု လွယ်ကူခဲ့ကြောင်း သိရသည်။

ရဲရင့်သိန်းထွန်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)