အမေရိကန်နိုင်ငံသားတွေ အရှေ့အလယ်ပိုင်းကို မသွားဖို့ တားထားပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်နိုင်ငံသားတွေ အရှေ့အလယ်ပိုင်းကို မသွားဖို့ တားထားပြီ


စက်တင်ဘာ - ၂၀ ( တနင်္ဂနွေနေ့ ) 

ဆော်ဒီအာရေဗျနဲ့ ယီမင်နိုင်ငံက အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်တွေကြား ပဋိပက္ခတွေ ပိုမိုပြင်းထန်လာနိုင်ခြေရှိတာကြောင့် အမေရိကန်ပြည်ထောင်စုက အရှေ့အလယ်ပိုင်းဒေသတစ်ဝှမ်းမှာရှိတဲ့ ၎င်းတို့ရဲ့ နိုင်ငံသားတွေအတွက် လုံခြုံရေးသတိပေးချက်တွေ ထုတ်ပြန်လိုက်ပါတယ်။

ဒီသတိပေးချက်တွေမှာ အစ္စရေး၊ လေဘနွန်၊ ဂျော်ဒန်၊ အီရတ်၊ ဆော်ဒီအာရေဗျ၊ ကူဝိတ်၊ ဘာရိန်း၊ ကာတာ၊ ယူအေအီးနဲ့ အိုမန်နိုင်ငံတွေ ပါဝင်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနက စနေနေ့ညပိုင်းမှာ ထုတ်ပြန်ချက်ထုတ်ခဲ့ပြီး "အရှေ့အလယ်ပိုင်းမှာ လက်ရှိရောက်ရှိနေတဲ့ အမေရိကန်တွေအနေနဲ့ သတိအမြဲထားရှိဖို့နဲ့ လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းခံရတာ၊ လေကြောင်းပိတ်ဆို့ခံရတာနဲ့ ခရီးသွားလာမှုတွေ ထိခိုက်တာမျိုးတွေ ဖြစ်လာနိုင်တာကို သတိပြုကြဖို့" တိုက်တွန်းထားပါတယ်။

"အီရန်ကျောထောက်နောက်ခံပြု ဟူသီတွေဟာ အရပ်ဘက်လေဆိပ်တွေအပါအဝင် ဆော်ဒီအာရေဗျအပေါ် ရန်လိုတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။ ဒီစစ်ရေးပဋိပက္ခဟာ အလျင်အမြန် ပိုမိုပြင်းထန်လာနိုင်ခြေ ရှိပါတယ်" လို့ သတိပေးချက်မှာ ဖော်ပြထားပြီး၊ အမေရိကန်တွေအနေနဲ့ အရှေ့အလယ်ပိုင်းကို ခရီးမသွားကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် "အီရန်နဲ့ အီရန်လိုလားတဲ့ အုပ်စုတွေအနေနဲ့ နိုင်ငံရပ်ခြားမှာရှိတဲ့ အမေရိကန်ရဲ့ အကျိုးစီးပွားတွေ၊ ဒါမှမဟုတ် ကမ္ဘာတဝှမ်းမှာရှိတဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းတွေနဲ့ အင်စတီကျူးရှင်းတွေအပါအဝင် အမေရိကန်တွေနဲ့ သက်ဆိုင်တဲ့ နေရာတွေကိုပါ ပစ်မှတ်ထားလာနိုင်ခြေရှိပါတယ်" လို့လည်း ဖြည့်စွက်ဖော်ပြထားပါတယ်။

ဒီသတိပေးချက် ထွက်ပေါ်လာရတာကတော့ အီရန် သို့မဟုတ် ယီမင်နိုင်ငံအတွင်းက ဟူသီပုန်တွေရဲ့ ပစ်မှတ်တွေ ကို အမေရိကန်ဘက်က အသစ်ထပ်မံ တိုက်ခိုက်လာနိုင်ခြေရှိတယ်ဆိုတဲ့ သုံးသပ်ချက်တွေနဲ့ ကြုံနေရချိန်မှာ ဖြစ်ပါတယ်။ ဆော်ဒီအာရေဗျဘက်ကလည်း နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ယီမင်အစိုးရတပ်တွေအပေါ် ဟူသီသူပုန်တွေရဲ့ ထိုးစစ်ဆင်မှုကို ခုခံတွန်းလှန်နိုင်ဖို့ အကူအညီတောင်းခံခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒေဗစ်အပန်းဖြေစခန်း မှာ အနားယူမယ့်ရက်တွေကို ရုပ်သိမ်းခဲ့ပြီး စနေနေ့ညနေပိုင်းမှာ ဝါရှင်တန်ဒီစီကို ပုံမှန်ထက် တစ်ရက်စောပြီး ပြန်လာခဲ့တယ်လို့ ဆိုပါတယ်။


REF: RT

#News #Myanmar 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)