လားရှိုးမြို့တွင် ငွေကျပ် ၁,၆၂၅.၈၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

လားရှိုးမြို့တွင် ငွေကျပ် ၁,၆၂၅.၈၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


နေပြည်တော်၊ စက်တင်ဘာ ၂၂

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ စက်တင်ဘာလ ၁၇ ရက်နေ့ ၁၉၁၅ အချိန် လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ ဈေးတန်းလမ်းနေ စိုင်းရွှေအောင်(ခ)စိုင်းလုံ ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မနန်းအုန်းကြည်(ခ)အေးအောင် အားတွေ့ရှိပြီး နေအိမ်အတွင်းမှ ဘိန်းဖြူ အလေးချိန် ၅ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ် ၁ သိန်း)၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၂.၉၀၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၁,၃၀၇.၂၅ သိန်း)၊ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၉၀၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၈၀)၊ အက်တက်စီဆေးပြား ၅၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၁၂၅ သိန်း)၊ Happy Water ပြုလုပ်ရာတွင်အသုံးပြုသည့် အဖြူရောင်အမှုန့် ၃၆၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ် ၁၂.၆ သိန်း)၊ လက်ကိုင်ဖုန်း ၁ လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းရွှေအောင်(ခ)စိုင်းလုံ(၆၄)နှစ် နှင့် မနန်းအုန်းကြည်(ခ)အေးအောင်(၆၀)နှစ်တို့အား လားရှိုးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


#News #Myanmar 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)