ပခုက္ကူမြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြော







ပခုက္ကူ၊ စက်တင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်း တို့ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်၉နာရီအချိန်က အမှတ်(၁၄)အခြေခံပညာအလယ်တန်း(တွဲဖက်)ကျောင်းတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များအကြောင်းရှင်းလင်းပြောကြားပြီး "လူငယ်နှင့်အနာဂတ်နိုင်ငံတော်"ခေါင်းစဉ်ဖြင့်ဟော ပြောသည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ခေါ်ချိုချိုမာက "လူငယ်နှင့်စာပေ"ခေါင်း စဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာမအသွင်ဆန်း(ပခုက္ကူ)က "လူငယ်နှင့်ချစ်ခြင်းမေတ္တာ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ သုခဆွေ(ပညာရေး)က "လူငယ်နှင့်အနာဂတ်ပန်းတိုင်"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာအောင်ဝင်း(မျိုးချစ်သူ-ရေစကြိုသား)က "အသိပညာကြွယ်ဝဖို့ကျောင်းစာကြည့်တိုက်ကိုသွားကြစို့" ခေါင်းစဉ်ဖြင့် လည်းကောင်း အသိပညာပေးဟောပြောကြရာ အမှတ်(၁၄)အခြေခံပညာအလယ်တန်း(တွဲဖက်)ကျောင်းမှ တာဝန်ခံကျောင်း အုပ်ကြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် ကျောင်းစာကြည့်တိုက်အတွက် မြို့နယ်စာရေးဆရာအသင်းမှ သုတ၊ရသစာအုပ်စာစောင်များပေးအပ် လှူဒါန်းပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စနစ်တကျခင်းကျင်းပြသထားသော သုတ၊ရသ၊ကဗျာ၊ရုပ်ပြ၊ နေ့ထူးနေ့မြတ်၊    အထင်ကရပုဂ္ဂိုလ်များဆိုင်ရာစာအုပ်စာစောင်များ၊ လူငယ်ရေးရာ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်များအား ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုမှတ်သားကြကြောင်း သိရသည်။


ဘာမီသာ(ပခုက္ကူ)

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)