ရန်ကုန်၊ စက်တင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ အခြေခံပညာအဆင့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အလုံမြို့နယ်၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိရတနာခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ နှင့်ဇနီး ဒေါ်နှင်းနှင်းအေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး အတွင်းရေးမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ကြမည့် အနုပညာရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဦးစွာ ကြည့်မြင်တိုင်မြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက "မင်္ဂလာပါ မြန်မာ” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး (၂၇) ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က အဖွင့်အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများက အသီးသီး ဆက်လက် ကပြဖျော်ဖြေကြရာ ဒဂုံမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက "လောကအားမာန်" သီချင်းကို သံစုံတီးဝိုင်းဖြင့်လည်းကောင်း၊ လသာမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများက "မျိုးမျိုးလင်း" မြန်မာ့ဆိုင်းဝိုင်းဖြင့်လည်းကောင်း၊ ကမာရွတ်မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက "ကဗျာလွတ် (ယိမ်းအက)" သီချင်းဖြင့်လည်းကောင်း သီဆိုကပြ တီးခတ်ဖျော်ဖြေကြသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားပြီးနောက် အကပြိုင်ပွဲအား ဆက်လက်ကျင်းပရာ တစ်ပင်တိုင်အကပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ဦးရေ (၆၉) ဦး၊ ကဗျာလွတ်အကပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ဦးရေ (၂၅၂) ဦး စုစုပေါင်း (၃၂၁) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
#News #Myanmar














No comments:
Post a Comment