မိတ္ထီလာ၊ စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီးအဆင့် (၂၇)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် မိတ္ထီလာခရိုင်ကိုယ်စားပြု ပြိုင်ပွဲဝင်များထံသို့ အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက မန္တလေးတိုင်းဒေသကြီးအဆင့် (၂၇)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့်ပြိုင်ပွဲဝင်များအနေဖြင့် ပြိုင်ပွဲတွင် ဆုရရှိရန်အတွက် ရိုးရိုးသားသား ကြိုးကြိုးစားစားဖြင့်ဝင်ရောက်ယှဉ်ပြိုင်ကြရန် ပြောကြားသည်။ ထို့နောက် မိတ္ထီလာခရိုင်ကိုယ်စား ပြုသွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက ပေးအပ်ခဲ့ကြောင်းသိရသည်။
#News #Myanmar

No comments:
Post a Comment