တွန်းဇံမြို့၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့် ဌာနဆိုင်ရာ အဆောက်အဦပြုပြင်ခြင်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

တွန်းဇံမြို့၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့် ဌာနဆိုင်ရာ အဆောက်အဦပြုပြင်ခြင်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု



တွန်းဇံ၊ စက်တင်ဘာ ၁၆

ချင်းပြည်နယ် တွန်းဇံမြို့၌ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ဌာနဆိုင်ရာ အဆောက်အဦများပြုပြင်ခြင်းလုပ်ငန်းများ‌ ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီအတွင်းရေးမှူး (မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ) ဦးဆန်းဝင်းနှင့်အဖွဲ့ဝင်များသည် စက်တင်ဘာ (၁၆) ရက် နံနက် (၉) နာရီက ဌာနဆိုင်ရာအဆောက်အဦများ ပြုပြင်ခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ လုပ်ငန်းဆောင်ရွက်မှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် Sian Kim ကုမ္ပဏီမှ ရန်ပုံငွေကျပ် (၁၇.၇၁၂၂) သန်း ဆောင်ရွက်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနေအိမ် နံကပ် (၁) ထပ်ပြုပြင်ခြင်း၊ AIGD Family ကုမ္ပဏီမှ ရန်ပုံငွေကျပ် (၂၇.၈၁၅) သန်းဖြင့် ဆောင်ရွက်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၂)ခန်းတွဲ ဝန်ထမ်းအိမ်ရာ နံကပ် (၁) ထပ်ပြုပြင်ခြင်း၊ Mountain Bridge ကုမ္ပဏီမှ ရန်ပုံငွေကျပ် (၂၁၇.၄၉၇) သန်းဖြင့် ဆောင်ရွက်သည့် မြို့နယ်လျှပ်စစ်ရုံး၏ (၄) ခန်းတွဲ ဝန်ထမ်းအိမ်ရာ သွပ်မိုး RC (၁) ထပ်ပြုပြင်ခြင်း၊ Sian Kim ကုမ္ပဏီမှ ရန်ပုံငွေကျပ် (၁.၄၆၄) သန်းဖြင့် ဆောင်ရွက်သည့် မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးရုံး၊ RC (၁) ထပ် ပြုပြင်ခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့‌ကြောင်း သိရသည်။

အဆိုပါ မြို့နယ်ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်း‌ကော်မတီ ယာယီအတွင်းရေးမှူးနှင့်အဖွဲ့သည် လုပ်ငန်းဆောင်ရွက်မှုများကွင်းဆင်းစစ်ဆေးရာ၌ တွန်းဇံမြို့တွင် တစ်စိတ်တစ်ပိုင်းပျက်စီးသည့် ဌာနဆိုင်ရာအဆောက်အဦများအနက် (၄၂) လုံးကို ဒေသခံကုမ္ပဏီ (၁၆) ခုက တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး၊ ယနေ့အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု (၅၉.၀၄၇) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးရေး၊ စံချိန်စံညွှန်းနှင့်အညီဖြစ်စေရေးမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။


#News #Myanmar


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)