အစ္စရေးရဲ့ စစ်ရေးရည်မှန်းချက်က အီရန်အစိုးရ ပြုတ်ကျရေးပါပဲ လို့ နေတန်ယာဟုဆို - Myanmar National Post

Myanmar National Post

News Agency

Breaking


အစ္စရေးရဲ့ စစ်ရေးရည်မှန်းချက်က အီရန်အစိုးရ ပြုတ်ကျရေးပါပဲ လို့ နေတန်ယာဟုဆို


စက်တင်ဘာ - ၄ ( သောကြာနေ့ )  

အစ္စရေး၏ နိုင်ငံခြားရေးမူဝါဒ၏ ပဓာနအကျဆုံး ဦးစားပေးမှာ အီရန်၏ အစိုးရအဖွဲ့ကို ပြောင်းလဲပစ်ရန် ဖြစ်ကြောင်း ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟုက ပြောကြားခဲ့ပါတယ်။

စက်တင်ဘာ ၁၁ ရက်မှ ၁၃ ရက်နေ့အထိ ကျရောက်မည့် ဂျူးသစ်ဆန်းနှစ်ပွဲတော် မတိုင်မီ ကာကွယ်ရေးဝန်ကြီး အစ္စရေး ကာ့ဇ် ၊ စစ်ဦးစီးချုပ် အီယေးလ် ဇာမီယာ တို့အပါအဝင် စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံစဉ် နက်တန်ယာဟုက "ဒီခြိမ်းခြောက်မှုကို ကျနော်တို့ လုံးဝဥဿုံ ဖယ်ရှားပစ်နိုင်စွမ်း ရှိတယ်ဆိုတာ ယုံကြည်ပါတယ်။ ဆိုလိုတာက ဒီအစိုးရ (တီဟီရန် အာဏာပိုင်များ) ကို ဖြုတ်ချပစ်ဖို့ပါ။ ဒါဟာ ကျနော်တို့ရှေ့မှာ ရှိနေသေးတဲ့ အဓိကတာဝန် ဖြစ်ပေမဲ့လည်း ရောက်ရှိဖို့ နီးကပ်နေပါပြီ။ မဖြစ်နိုင်တာမဟုတ်ဘဲ လက်လှမ်းမီတဲ့ အနေအထားမှာ ရှိနေပါတယ်" လို့ ပြောကြားခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ်၏ အဆိုအရ အီရန်သည် ယနေ့တွင် "မည်သည့်အခါနှင့်မျှ မတူအောင် အားနည်းနေပြီး" "၎င်း၏ ရပ်တည်ရှင်သန်ရေးအတွက် ရုန်းကန်နေရတယ်" လို့ သိရပါတယ်။ ထို့အပြင် "ကျနော်တို့ရဲ့ ရန်သူတွေကို ပြောချင်တာက "ကျနော်တို့ကို လာမစနဲ့၊ သင်ခန်းစာတစ်ခုခု မရစေချင်ရင်တော့ ကျနော်တို့ကို လာမစပါနဲ့" လို့ပါ။ ကျနော်တို့မှာ သင်တို့ကို အနိုင်ယူဖို့ အင်အား၊ ဆုံးဖြတ်ချက်နဲ့ ပြည်တွင်း စည်းလုံးညီညွတ်မှုတွေ ရှိပါတယ်။ လာမယ့်နှစ်တွေမှာ အစ္စရေးပြည်သူတွေအတွက် ကျနော် ဆုတောင်းပေးချင်တာကလည်း ဒါပါပဲ" လို့ ၎င်းက  ထပ်လောင်းပြောကြားခဲ့ပါတယ်။


REF: Tass

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)