နီပိန်းအများစုဟာ နိုင်ငံရေးမှာ ဟေးလားဝါးလား ပါဝင်လုပ်ကိုင်ရမှာကို မကြောက်ကြဘူး။ တိုင်းပြည် တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်ရမယ်ဆိုရင် ဘယ်နေရာက ပါရသည်ဖြစ်စေ ပါဝင်လုပ်ဆောင်ကြတယ်။ အယုတ္တ အနတ္တတွေလည်း ပြောဆိုလှုံ့ဆော်ကြသလို ကာယကံမြောက် မဖွယ်မရာ လုပ်ရပ်တွေလုပ်ဖို့လည်း ဝန်မလေးကြပါဘူး။
ဘာကြောင့်လဲ။ သူတို့က အဲဒီပုံရိပ်တွေနဲ့ ပြည်ပြေးလုပ်ချင်တာ။ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာ တက်ကြွစွာ ရှေးတန်းကပါဝင်ခဲ့တယ်။ အစိုးရက မတရားဖမ်းဆီးနေလို့ ပြည်ပကို ထွက်ပြေးရပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတွေက တဆင့် ဥရောပနိုင်ငံတွေနဲ့ အမေရိကန်ကို အရောက်ပြေးချင်တာ ဖြစ်ပါတယ်။ သူတို့ရဲ့တိုင်းဖျက် ပြည်ဖျက် လုပ်ရခြင်း အဓိက ရည်ရွယ်ချက်က တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်စေချင်တာလည်း မဟုတ်သလို တိုင်းပြည် ကောင်းစားရေးဆိုတာလည်း မဟုတ်ပါဘူး။ အဓိက သူတို့ရဲ့ ရည်ရွယ်ချက်က ပြည်ပြေး ဝရမ်းပြေးများ အဖြစ်နဲ့ တတိယနိုင်ငံဆီ အရောက်ပြေးဖို့သာ ဖြစ်ပါတယ်။
ဘာကြောင့် ဒီလိုရည်ရွယ်ချက်တွေနဲ့ နိုင်ငံရေးမှာ အဖျက်သမားလုပ်နေကြတာလဲ။ တိုင်းပြည်ကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ပြီးတော့မှ ဘာကြောင့် နိုင်ငံရေးသမားအဖြစ် ခံယူချင်နေကြတာလဲ။ ပြည်ပြေး ဝရမ်းပြေးတွေကို စံနမူနာယူပြီး နိုင်ငံရေးနယ်ပယ်ထဲကို လူငယ်တွေ ဝင်လာခဲ့ရင်တော့ တိုင်းဖျက် ပြည်ဖျက် လုပ်မယ့် နိုင်ငံရေးသမားပဲ ဖြစ်ပါလိမ့်မယ်။ နမူနာအားဖြင့် မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း တို့ကို ကြည့်ပါ။ သူတို့လောက် နိုင်ငံရေးစကားတွေ ဖောင်ဖွဲ့ပြောနိုင်သူ ရှိပါအုံးမလား။ တပ်မတော်မုန်းတီးရေးသာ ပြောရမယ်ဆိုရင် အာဘောင်အာရင်းသန်သန်နဲ့ အယုတ္တ အနတ္တ နည်းမျိုးစုံနဲ့ အောက်လုံးထိုးပြီး ပြောပြလိမ့်မယ်။ တပ်မတော် ဆန့်ကျင်ရေးမှာ လူငယ်တွေ ပါဝင်လာအောင် မင်းကိုနိုင်လှုံ့ဆော်သွားခဲ့တာကို အားလုံး သိခဲ့ မြင်ခဲ့ပြီးပါပြီ။ နောက်ဆုံးတော့ မင်းကိုနိုင် ဘယ်ရောက်သွားလဲ။ ကျောင်းမတက်နဲ့ ကျောင်းထွက် ဆိုတဲ့ မျိုးရန်နောင်သိန်းလောက် အောက်တန်းကျတဲ့ နိုင်ငံရေးသမား ကမ္ဘာမှာ ရှာမှရှား။ ၂၀၂၁ ကျောင်းတွေ စဖွင့်တော့ နီပိန်းတွေကလည်း သူတို့ထောက်ခံအားပေးတဲ့ ဒေါ်စုတ် ဦးဆောင်တဲ့ NLD အာဏာလက်မဲ့ဖြစ်သွားလို့ ဒေါသူပုန်ထနေချိန်မှာ မျိုးရန်နောင်သိန်း က အခွင့်ကောင်းယူပြီး နီပိန်းတွေရဲ့ ဒေါသကို စွပေးခဲ့တယ်။ ကျောင်းတွေဖွင့်တဲ့အချိန်မှာ နီပိန်းတွေဟာ မျိုးရန်နောင်သိန်း ပြောတဲ့အတိုင်းပဲ ကျောင်းတွေကို ဓာတ်ဆီလောင်းပြီး မီးရှို့တာ၊ ကျောင်းတွေမှာ ဖောက်ခွဲတာ၊ ဆရာ/ ဆရာမ ပညာရေးဝန်ထမ်းတွေကို လုပ်ကြံသတ်ဖြတ်တာတွေ အခုထိ လုပ်နေတုန်းပဲ။ ကျောင်းမတက်နဲ့ ကျောင်းထွက်လို့ လှုံ့ဆော်တဲ့ မျိုးရန်နောင်သိန်း က အမေရိကန်ကို အရောက်ပြေးတယ်။ သူ့သမီး က အမေရိကန်မှာ ဘွဲ့တောင်ယူပြီးပြီ။ နောက်ဆုံး မျိုးရန်နောင်သိန်း ဘယ်ရောက်သွားလဲ။
သူတို့ရဲ့ အန္တိမရည်မှန်းချက်ဟာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီရှင်သန်ရေး မဟုတ်ပါဘူး။ သူတို့ရဲ့ အန္တိမရည်မှန်းချက်မှာ အမေရိကန်၊ အင်္ဂလန်တို့မှာ ခိုလှုံပြီး သူတို့မိသားစုဘဝတွေ တည်ဆောက်ခွင့်ရဖို့ပဲ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လမ်းစဉ်ကို ပြန်လည်လေ့လာကြည့်ရင် ပြည်ပက ပေးတဲ့အထောက်အပံ့နဲ့ တိုင်းဖျက် ပြည်ဖျက်လုပ်တယ်။ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု ပျက်ပြားပြီ၊ ထိန်းမနိုင်သိမ်းမရ ဖြစ်ပြီဆိုရင် ပြည်ပကို ရှေ့ဆုံးက ပြေးမယ်။ ဒါပါပဲ။ ဒီထက်ပိုပြီး ထူကဲကောင်းမွန်တဲ့ လုပ်ဆောင်ချက် မတွေ့ရပါဘူး။
သို့သော် ခေတ်ကာလ ပြောင်းလဲလာသလို အနောက်နိုင်ငံတွေ ရင်ဆိုင်နေရတဲ့ ပြဿနာနဲ့ သဘောထား ရပ်တည်ချက်တွေကလည်း အနည်းငယ်တော့ ပြောင်းလဲလာခဲ့ပါတယ်။ အနောက်နိုင်ငံမှာတွေမှာ ပြောင်းရွှေ့အခြေချသူတွေကို လက်ခံရင်း ကြီးမားတဲ့ ပြဿနာတွေ ရင်ဆိုင်နေရတယ်။ အင်္ဂလန်၊ ဂျာမနီ၊ သြစတေးလျ၊ စပိန်၊ ပြင်သစ်တို့မှာ ပြောင်းရွှေ့ရောက်ရှိလာသူတွေရဲ့ ရာဇဝတ်မှုတွေကြောင့် ဌာနေနိုင်ငံသားတွေက ပြန်နှင်ထုတ်ဖို့ ဆန္ဒပြတောင်းဆိုမှုတွေလည်း ရှိနေပါတယ်။ အမေရိကန်အစိုးရကတော့ ပြတ်သားစွာနဲ့ အမေရိကန်ပထမ ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ တရားမဝင်ခိုးဝင်လာမှုတွေကို ထိရောက်စွာ တားဆီးနိုင်ဖို့ လုပ်ဆောင်လာတဲ့အပြင် ပြည်တွင်းမှာ လက်ခံထားခဲ့သူတချို့ကိုပါ ဌာနေပြန်ပို့တာမျိုးတွေ လုပ်ခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဥရောပနိုင်ငံများ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို မီးမောင်းထိုးပြပြီး လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြဿနာကို ပိုမိုတင်းကြပ်ဖို့ လှုံ့ဆော်မှုတွေလည်း စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပါတယ်။
ဒီရက်ပိုင်းအတွင်းမှာတော့ ပြည်ပြေးဝရမ်းပြေး အဆိုတော် မဲမဲကျော်သိန်း နဲ့ အာဇာနည် တို့ဟာ အမေရိကန် နယူးရောက်စ်မြို့မှာ နှစ်ကိုတော် ဖျော်ဖြေဖို့ စီစဉ်ထားရာမှာ အမေရိကန်က မဲမဲကျော်သိန်း ကို ပြည်ဝင်ခွင့် မပေးခဲ့ဘူးလို့ သိရပါတယ်။ အခုဆိုရင် မဲမဲကျော်ကျော်သိန်းဟာ မြန်မာနိုင်ငံသား Passport ကိုင်ဆောင်ထားခြင်း မရှိတော့ဘဲ ပြင်သစ်နိုင်ငံမှာ ခိုလှုံခွင့်ရပြီး ပြင်သစ် Passport ကိုင်ဆောင်ထားတယ်လို့ ဆိုပါတယ်။ မည်သို့ပင် ဆိုစေ အမေရိကန်ကတော့ မွေးရပ်မြေ မြန်မာဖြစ်နေလို့ လက်မခံဘူးလို့ ပြောပါတယ်။
အထူးအားဖြင့်တော့ အမေရိကန်ဟာ နိုင်ငံတွင်းရောက်လာရင် မိမိနေရပ်ကို မပြန်ဘဲ ခိုကပ်နေသူတွေများလို့ လက်မခံတော့တာ ဖြစ်ပါတယ်။ အဲဒီလို တရားမဝင် ခိုကပ်နေချင်သူအများစုကလည်း ပြည်ဖျက်မိစ္ဆာ နီပိန်းအသိုင်းအဝိုင်းက လူတွေပဲ များပါတယ်။ အဲဒီလိုလူတွေများနေတာကို သိတဲ့အတွက် အမေရိကန်က မြန်မာနိုင်ငံက ဆိုတာနဲ့ လက်မခံချင်တော့တဲ့အခြေအနေထိ ရောက်ရှိသွားပါတယ်။
မဲမဲကျော်သိန်း ကြုံတွေ့ရတဲ့အခြေအနေကို သင်ခန်းစာယူပြီး မြန်မာပြည်ကနေ ထိုင်းပြေး၊ ထိုင်းကနေ တတိယနိုင်ငံရှာနေတဲ့ နီပိန်းအသိုင်းအဝိုင်းက ငမိုက်သားတွေလည်း အသိတရားရစေဖို့ မျှော်လင့်ပါတယ်။ တတိယနိုင်ငံကို ရောက်ဖို့ ယခင်က လွယ်ကောင်းလွယ်လိမ့်မယ်။ ယခုအခါမှာ မင်းတို့တွေကို လက်ခံမယ့် တိုင်းပြည်တွေမှာညလည်း ပြဿနာတွေ ရင်ဆိုင်နေရပြီဖြစ်လို့ မင်းတို့လို ဒီမိုကရေစီအရည်ခြုံ တိုင်းဖျက်ပြည်ဖျက်လုပ်ပြီး တတိယနိုင်ငံရှာနေတဲ့ လူ့ဗရမ်းဗတာတွေကို လွယ်လွယ်လက်ခံဖို့ မဖြစ်နိုင်တော့ပါဘူး။
ထိုင်းဘက်ကနေ အမေရိကန်ကို အရောက်ပြေးဖို့ အိမ်မက် မက်နေတဲ့ ပြည်ဖျက်မိစ္ဆာတွေရဲ့ အိမ်မက်ကို ဒေါ်နယ်ထရမ့်ရဲ့ စည်းမျဉ်းစည်းကမ်းသစ်က အပြီးတိုင် ရိုက်ချိုးလိုက်တဲ့ သဘောမျိုး ရှိပါတယ်။ မဲမဲကျော်သိန်းတောင် ပြင်သစ် Passport ကိုကိုင်ပြီး အမေရိကန်သွားခွင့်မရလို့ ပေါက်ကွဲနေတာကို ကြည့်ရင် အမေရိကန်ကို အရောက်ပြေးဖို့ အန္တိမရည်မှန်းချက်ကြီးထားပြီး ထိုင်းမှာ တထောက်နားပြီး အာချောင်နေတဲ့ နီပိန်း ပြည်ဖျက်မိစ္ဆာတွေရဲ့ အိမ်မက်ကတော့ မျှော်လေ ဝေးလေးပါလား ပန်းနွယ်ရယ် ဆိုတာမျိုး ဖြစ်ပြီပေါ့။
ထိုင်းနိုင်ငံမှာကလည်း ထိုင်းနိုင်ငံအတွင်း ကောင်းကောင်းမွန်မနေတဲ့ ပြည်ပနိုင်ငံသားတွေကို ပြည်နှင်ဒဏ်ပေးဖို့ ဝန်ကြီးချုပ်က စည်းမျဉ်းအသစ်တွေ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ထိုင်းနိုင်ငံထဲကနေ အာချောင် ခွက်ခေါက် လုပ်နေတဲ့ ပြည်ဖျက်မိစ္ဆာ နီပိန်းတွေ ရောက်ရာအရပ်မှာ လူလိုနေ၊ လူလိုမနေရင် မြန်မာပြည် ပြန်ပို့ခံရမယ်။ မြန်မာပြည် ပြန်ရောက်လာရင်လည်း မိမိတို့ ကြူးလွန်ထားတဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်တဲ့ အမှုတွေ ရှိ၊ မရှိ စိစစ်ခံရမယ်။ ထောင်နန်းစံရမယ်။ လူစိတ်မရှိတဲ့ လူတွေအတွက် ကမ္ဘာမြေပေါ်မှာ နေရာကျဉ်းလာပြီ ဆိုတာလေးတော့ ပြည်ဖျက်မိစ္ဆာ နီပိန်းတွေ သိမြင်နားလည်နိုင်ပါစေ။
နောင်တော်လေး (ဘိုကလေး)
#News #Myanmar

No comments:
Post a Comment