တောင်အာဖရိက လောင်စာဆီဈေးကတော့ စံချိန်တင်မြှင့်တက်သွားပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking


တောင်အာဖရိက လောင်စာဆီဈေးကတော့ စံချိန်တင်မြှင့်တက်သွားပြီ


စက်တင်ဘာ - ၁၀ ( ကြာသပတေးနေ့) 

အရှေ့အလယ်ပိုင်းမှာ ဆက်လက်ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးဟာ ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်စည်ကို ဒေါ်လာ ၁၀၀ နီးပါးအထိ မြင့်တက်သွားခဲ့တာကြောင့် အာဖရိကတောင်ပိုင်း (တောင်အာဖရိက) က ယာဉ်မောင်းတွေဟာ အောက်တိုဘာလကစပြီး စံချိန်တင် ဓာတ်ဆီဈေးနှုန်းတွေကို ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

ဗဟိုစွမ်းအင်ရံပုံငွေအဖွဲ့ ရဲ့ နောက်ဆုံးထွက် အချက်အလက်တွေအရ ဓာတ်ဆီတစ်လီတာကို ၂ ရန်း (မြန်မာငွေ ၄၆၀ ကျပ် ) နီးပါး အထိ ဈေးထပ်တက်လာနိုင်တယ်လို့ ညွှန်ပြနေပါတယ်။ ဒါဆိုရင် 95 ဓာတ်ဆီဈေးဟာ ကမ်းရိုးတန်းဒေသ တွေမှာ တစ်လီတာကို ၂၈.၀၅ ရန်း ( ၆၄၅၀ကျပ်) နဲ့ ကုန်းတွင်းပိုင် ဒေသမှာ ၂၈.၉၂ ရန်း ( ၆၆၅၀ ကျပ်) အထိ မြင့်တက်သွားမှာဖြစ်ပြီး၊ ဒါဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက စံချိန်တင်မြင့်တက်ခဲ့တဲ့ ၂၇.၁၉ ရန်းနဲ့ ၂၈.၀၅ ရန်းတို့ကို အသီးသီး ကျော်လွန်သွားမှာ ဖြစ်ပါတယ်။

ဒီဇယ်ဆီလည်း သိသိသာသာ ဈေးမြင့်တက်ဖို့ ရှိနေပြီး၊ အချက်အလက်တွေအရ 500ppm အတွက် ၁.၅၀ ရန်းနဲ့ 50ppm အတွက် ၁.၈၀ ရန်းကြား ဈေးထပ်တက်လာနိုင်ပါတယ်။ ဒါဟာ 500ppm/50ppm ဒီဇယ်ဈေးကို ကမ်းရိုးတန်းမှာ ၃၀.၂၉ ရန်း ( ၆၉၆၅ ကျပ်) နဲ့ ပြည်တွင်းပိုင်းမှာ ၃၁.၈၅ ရန်း ( ၇၃၂၅ ကျပ်) အထိ တွန်းပို့ပေးမှာ ဖြစ်ပြီး၊ ဒီနှစ်ဆန်းပိုင်းက စံချိန်တင်မြင့်တက်ခဲ့တဲ့ ၃၀.၆၂ ရန်းနဲ့ ၃၁.၃၈ ရန်းတို့နီးပါးကို ပြန်လည်ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီသတိပေးချက်ဟာ လဆန်းပိုင်း အချက်အလက်တွေအပေါ် အခြေခံတွက်ချက်ထားတာဖြစ်ပြီး အခြေအနေတွေ ပြောင်းလဲနိုင်တာကြောင့်၊ အခုအချိန်ကနေ လကုန်ကြား ဈေးကွက်ထဲမှာ အများကြီး ပြောင်းလဲသွားနိုင်ပါသေးတယ်။

ဒါပေမဲ့ အရှေ့အလယ်ပိုင်း စစ်ပွဲ ငြိမ်းအေးသွားမယ့် လက္ခဏာ မတွေ့ရသေးတာကြောင့် ရေနံ တင်ပို့ရာမှာ အရေးပါတဲ့ ဟောမုဇ် ရေလက်ကြား လမ်းကြောင်း အပေါ် မရေရာမှုတွေ ဖြစ်ပေါ်နေပြီး၊ မဝေးတော့တဲ့ အနာဂတ်မှာ ရေနံစိမ်းဈေး ပိုမို မြင့်တက်လာနိုင်ခြေ ရှိနေပါတယ်။ အောက်တိုဘာလအတွက် ခန့်မှန်းထားတဲ့ ဒီဈေးနှုန်း မြင့်တက်မှုတွေဟာ စက်တင်ဘာလတုန်းက ဓာတ်ဆီတစ်လီတာကို ၁.၃၄ ရန်းနဲ့ ဒီဇယ်တစ်လီတာကို ၃.၁၅ ရန်းအထိ အရှိန်အဟုန်ပြင်းပြင်း မြင့်တက်ခဲ့ပြီးတဲ့နောက် ထပ်မံ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

 ( ငွေလဲလှည်မှုက ပြင်ပပေါက်ဈေးနဲ့ အနီးစပ်ဆုံး ယူထားတာပါ။)


REF: RT

#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)