သီတဂူဆရာတော်ကြီး ဒေါက်တာအရှင်ဉာဏိဿရမှ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေကျပ် သိန်းတစ်ထောင် လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

သီတဂူဆရာတော်ကြီး ဒေါက်တာအရှင်ဉာဏိဿရမှ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေကျပ် သိန်းတစ်ထောင် လှူဒါန်း







ပုသိမ်၊ စက်တင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် နိုင်ငံတော် ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိသီတဂူ ဆရာတော်ကြီး ဒေါက်တာအရှင်ဉာဏိဿရနှင့်  ကုသိုလ်ရှင်ဒကာ၊ ဒကာမများ၊ သီတဂူအာယုဒါန၊ သီတဂူ စက္ခုဒါန၊ သီတဂူ ဥဒကဒါနတွင် ပါဝင်လုပ်အားပေးနေကြသော သီတဂူတပည့် ဒကာ၊ ဒကာမများက အလှူငွေလှူဒါန်းခြင်း အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီး၊ တာဝန်ရှိသူများ တက်ရောက်၍ သီတဂူဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး ဩဝါဒ ကထာများ နာယူကြည်ညိုပြီးနောက် ဩကာသကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြရာ ဆရာတော်ကြီးက မေတ္တာပို့ဆုတောင်းပေးခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် သီတဂူ ဆရာတော်ကြီး ဒေါက်တာအရှင်ဉာဏိဿရနှင့်  ကုသိုလ်ရှင်ဒကာ၊ ဒကာမများ၊ သီတဂူ တပည့်ဒကာ၊ ဒကာမများ၏ လှူဒါန်းသော အလှူငွေကျပ်သိန်းတစ်ထောင်ကို ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်က ဥပဿကာအဖြစ် ဆောင်ရွက်ပေးအပ်လှူဒါန်းရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး ဆရာတော်ကြီးထံ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ဆက်ကပ်ခဲ့သည်။ ဆက်လက်၍ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လှူဖွယ်ပစ္စည်းများနှင့်အလှူတော် ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)