ဒုတိယသမ္မတ ဦးညိုစော ချင်းကျိုးမြို့ရှိ ဖျင်လုတူးမြောင်းနှင့် အလိုအလျောက်စနစ်သုံး ကွန်တိန်နာ ဆိပ်ကမ်းတို့ကို ကြည့်ရှုလေ့လာပြီး ကွမ်ကျိုးမြို့ တော်ဝန်အား လက်ခံတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယသမ္မတ ဦးညိုစော ချင်းကျိုးမြို့ရှိ ဖျင်လုတူးမြောင်းနှင့် အလိုအလျောက်စနစ်သုံး ကွန်တိန်နာ ဆိပ်ကမ်းတို့ကို ကြည့်ရှုလေ့လာပြီး ကွမ်ကျိုးမြို့ တော်ဝန်အား လက်ခံတွေ့ဆုံ




ကွမ်ကျိုး၊ စက်တင်ဘာ ၁၉

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးညိုစောသည် ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ပိုင်းတွင် ကွမ်ကျိုးမြို့သို့ရောက်ရှိပြီး ကွမ်တုန်းပြည်နယ် ကွမ်းကျိုး မြို့တော်ဝန် မစ္စတာ စွန်းကျီယန် အား လက်ခံတွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ ပင်လယ်ရေ ကြောင်းကုန်သွယ်မှု မြှင့်တင်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ချင်းကျိုး မြို့ရှိကုန်တင်သင်္ဘောများ ဖြတ်သန်းသွားလာရေးအတွက် ပင်လယ်မှမြစ်သို့ တိုက်ရိုက်ဆက်သွယ်ထား သည့် ဖျင်လုတူးမြောင်း၏ မာတောက်(Madao) ဆုံမှတ်ကို သွားရောက်ကြည့်ရှုရာ ချင်းကျိုးဒေသခံ ပါတီနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ဖျင်လုတူးမြောင်းစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ရရှိသည့်အကျိုးကျေးဇူးများနှင့် ဖြတ်သန်းသွားလာခွင့်ပြုနိုင်သည့် သင်္ဘော အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယသမ္မတသည် ချင်းကျိုးမြို့ရှိ ဥာဏ်ရည်တု (AI) နည်းပညာအသုံးပြု၍ အလိုအလျောက်စနစ်သုံး ကွန်တိန်နာဆိပ်ကမ်းနှင့် ဆိပ်ခံတံတားများကို သွားရောက်ကြည့်ရှု လေ့လာရာ ဒေသခံအာဏာပိုင်နှင့် ဆိပ်ကမ်းတာဝန်ရှိသူများက ပြည်တွင်း ပြည်ပ သင်္ဘောများ ဝင်ရောက်ဆိုက်ကပ်မှုအခြေအနေ၊ (AI)နည်းပညာအသုံးချ၍ ကုန်တင်ကုန်ချဆောင်ရွက်မှုအခြေ အနေနှင့် ဒီဂျစ်တယ်နည်းပညာများ အပါအဝင် ထိပ်တန်းနည်းပညာဆိုင်ရာ တီထွင်ဖန်တီးမှုများနှင့် အဆင့်မြင့်နည်းပညာဖြင့် ဒေသတွင်း ချိတ်ဆက်ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြသည်။

စက်တင်ဘာ ၁၇ ရက် ညနေပိုင်းကလည်း ဒုတိယသမ္မတသည် ကိုယ်စားလှယ်အဖွဲ့ဝင်များ နှင့်အတူ လိယွမ်နိုင်ငံတကာကွန်ဖရင့်စင်တာ၌ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ် ရေးမှူး မစ္စတာ ဝေထောင်အား လက်ခံတွေဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရေး၊ နှစ်ဖက်ပူး ပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန် မြှင့်တင် ရေး၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ အကောင်အထည်ဖော်မှု မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)