မဲခေါင် - လန်ချန်း သတင်းတု၊ သတင်းမှား ကင်းစင်ရေး လှုပ်ရှားမှုပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ လူမှုအကျိုးပြုထူးချွန်ဆုရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မဲခေါင် - လန်ချန်း သတင်းတု၊ သတင်းမှား ကင်းစင်ရေး လှုပ်ရှားမှုပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ လူမှုအကျိုးပြုထူးချွန်ဆုရရှိ


‌ဖနောင်ပင်၊ စက်တင်ဘာ ၁၈

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေဖြင့် မဲခေါင်-လန်ချန်းဒေသတွင်း သတင်းတု၊ သတင်းမှားကင်းစင်ရေးလှုပ်ရှားမှုဖိုရမ်နှင့် အကြောင်းအရာဖန်တီးမှု Content ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ စက်တင်ဘာ ၁၇ ရက်က ကျင်းပရာ မြန်မာနိုင်ငံမှ လူမှုအကျိုးပြုထူးချွန်ဆု ဆွတ်ခူးရရှိခဲ့သည်။

မဲခေါင်-လန်ချန်း ဒေသတွင်း သတင်းတု၊ သတင်းမှား ကင်းစင်ရေးဆိုင်ရာလှုပ်ရှားမှု၏ အဓိကအစိတ်အပိုင်းဖြစ်သည့် ၂၀၂၆ ခုနှစ်အတွက် သတင်းတု၊ သတင်းမှားကင်းစင်ရေးလှုပ်ရှားမှုဆိုင်ရာဖိုရမ်နှင့် အကြောင်းအရာဖန်တီးမှုပြိုင်ပွဲ (Zero Fake News Forum and Awards Contents 2026) တွင် ဒေသတွင်း ခြောက်နိုင်ငံမှ ပြိုင်ပွဲဝင်များ ဖိတ်ခေါ်၍ Best Journalism Award for Fighting Fake News ၊ Best Fact-Checking and Verification Content Award ၊ Best Creative Content Award ၊ Best Public Impact Awards နှင့် Responsible Media Practice Award ဆုများအတွက် ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇင်ဦးက "Impact of Online Crimes, Fake News and Misinformation on the Socio-economic Lives of Mekong-Langcang Regional Countries" ဆောင်းပါးဖြင့် Best Public Impact Award ဆု ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲသို့ မဲခေါင်-လန်ချန်းဒေသတွင်းခြောက်နိုင်ငံမှ ပြိုင်ပွဲဝင် ၂၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။


#News #Myanmar 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)