အမေရိကန်က အီရန်ရေနံတင်သင်္ဘောတွေကို တစ်စီးပြီး တစ်စီး ဖျက်ဆီးပစ်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking


အမေရိကန်က အီရန်ရေနံတင်သင်္ဘောတွေကို တစ်စီးပြီး တစ်စီး ဖျက်ဆီးပစ်နေ


စက်တင်ဘာ - ၁၀ ( ကြာသပတေးနေ့ ) 

ဝါရှင်တန်နဲ့ တီဟီရန်တို့က ဟော်မုဇ် ရေလက်ကြား တဝိုက်မှာ ကုန်တင်သင်္ဘောတွေနဲ့ စစ်သင်္ဘောတွေကို အပြန်အလှန် တိုက်ခိုက်နေကြစဉ်အတွင်း အမေရိကန်အနေနဲ့ အီရန် ရေနံတင်သင်္ဘော "၉ စီးနီးပါး" ကို ဖျက်ဆီးခဲ့ပြီးပြီဖြစ်သလို "နောက်ထပ် အများကြီး" ကိုလည်း ဆက်လက်တိုက်ခိုက်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။

အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ဘက်က အမေရိကန် စစ်သင်္ဘောတွေကို ဘာလစ်စတစ် ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ စွပ်စွဲပြီးတဲ့နောက်၊ အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) ကလည်း မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးနှစ်ခုမှာ အီရန်ရဲ့ ရေနံစိမ်းတင် သင်္ဘော ၈ စီး (စက်တင်ဘာ ၅ ရက်နေ့မှာ ၃ စီးနဲ့ အင်္ဂါနေ့မှာ ၅ စီး) ကို ဖျက်ဆီးခဲ့တယ်လို့ လူသိရှင်ကြား အတည်ပြုခဲ့ပါတယ်။

"ကျနော်တို့ သူတို့ရဲ့ ဆီတင်သင်္ဘော ၉ စီးလောက်ကို မီးဟုန်းဟုန်းတောက်အောင် လုပ်ပစ်လိုက်ပြီ" လို့ ထရမ့်က ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပြီး "နောက်ထပ်လည်း ဒါထက်အများကြီး မြင်တွေ့ရဦးမှာပါ" လို့ ဆိုပါတယ်။

သမ္မတက ဘယ်လို ပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်မယ် သို့မဟုတ် ဘယ်အချိန်မှာ ထပ်မံတိုက်ခိုက်မယ် ဆိုတဲ့ အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။ ဒါပေမဲ့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို ကတော့ တီဟီရန်ဘက်က အမေရိကန် ရေတပ်သင်္ဘောတွေကို ပစ်မှတ်ထားနေသမျှ ကာလပတ်လုံး သူတို့ရဲ့ ဆီတင်သင်္ဘောတွေ ဆက်လက် ဆုံးရှုံးနေရဦးမယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။

"သူတို့ မနေ့ညက နောက်ထပ် ၅ စီး ထပ်မံ ဆုံးရှုံးခဲ့ရတယ်။ ၄ စီး ပျက်စီးသွားပြီး ၁ စီးကတော့ မြုပ်သွားခဲ့ပါတယ်။ ဒါကြောင့်မို့လို့ သူတို့အနေနဲ့ ဒီအတွက် ပေးဆပ်မှုတွေကို ဆက်လက်ကြုံတွေ့နေရဦးမှာပါ" လို့ ၎င်းက ပြောကြားခဲ့ပြီး ဝါရှင်တန်အနေနဲ့ တပြိုင်နက်တည်းမှာပဲ "သူတို့ကို စီးပွားရေးအရ ဆက်လက် အသက်ရှူကျပ်အောင် လုပ်သွားမယ်" လို့ ဆိုခဲ့ပါတယ်။ 

အီရန်ဘက်ကလည်း တုံ့ပြန်တဲ့အနေနဲ့ ဟော်မုဇ် ရေလက်ကြားအနီးရှိ အမေရိကန် ရေတပ်စစ်သင်္ဘော ၂ စီးနဲ့ ရေနံတင်သင်္ဘော ၈ စီး အပါအဝင် သင်္ဘော ၁၀ စီးကို တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။ ဒါပေမဲ့ CENTCOM ကတော့ သူတို့ရဲ့ စစ်သင်္ဘောတွေ တိုက်ခိုက်ခံရတာမရှိပါဘူးလို့ ငြင်းဆိုထားပါတယ်။

ကမ္ဘာ့အရေးအပါဆုံး စွမ်းအင်လမ်းကြောင်းတစ်ခု ပိုမို အနှောင့်အယှက်ဖြစ်လာမှာကို စိုးရိမ်ပူပန်နေကြစဉ်အတွင်း အခုလို ရေကြောင်းဆိုင်ရာ ထိတွေ့တိုက်ပွဲတွေ တစ်ကျော့ပြန် ပြင်းထန်လာတာကြောင့် ဘရန့် ရေနံစိမ်းဈေးဟာ တစ်စည်ကို ဒေါ်လာ ၁၀၀ အထက်သို့ ပြန်လည်မြင့်တက်သွားခဲ့ပါတယ်။


REF: RT

#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)