အိန္ဒိယမှာတော့ နျူ့စက်ရုံတွေ တစ်လုံးပြီး တစ်လုံး ဆောက်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking


အိန္ဒိယမှာတော့ နျူ့စက်ရုံတွေ တစ်လုံးပြီး တစ်လုံး ဆောက်နေ



စက်တင်ဘာ - ၁၅ ( အင်္ဂါနေ့ ) 

ရုရှားဒီဇိုင်းနဲ့ တည်ဆောက်ထားတဲ့ အိန္ဒိယရဲ့ အကြီးဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံရဲ့ တတိယမြောက် စက်ရုံခွဲဟာ "အချောသတ် စတင်လည်ပတ်ဖို့ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီ" ဖြစ်လို့ လာမယ့်နွေဦးမှာ လက်တွေ့ စတင်စမ်းသပ်လည်ပတ်နိုင်တော့မယ်ဆိုပြီး ရုရှားနိုင်ငံ ရိုဆာတွမ် ကုမ္ပဏီရဲ့ စီအီးအို က ပြောကြားခဲ့ပါတယ်။

အိန္ဒိယတောင်ပိုင်း တမီလ်နာဒူးပြည်နယ်မှာရှိတဲ့ ကူဒန်ကူလမ် နျူကလီးယားစက်ရုံဟာ အိန္ဒိယအစိုးရပိုင် နျူကလီးယားဓာတ်အားပေးရေးကော်ပိုရေးရှင်း (NPCIL) နဲ့ ရိုဆာတွမ် ရဲ့ လက်အောက်ခံ အတမ်စတိုရီအိတ်စ်ပို့ တို့ ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။ 

လက်တွေ့ စတင်စမ်းသပ်လည်ပတ်တယ်ဆိုတာဟာ ဓာတ်အားအပြည့်အဝ မထုတ်လုပ်မီမှာ နျူကလီးယား လောင်စာတွေကို ရီအက်တာအတွင်းထဲ ထည့်သွင်းပြီး အလိုအလျောက် ထိန်းချုပ်လည်ပတ်နိုင်တဲ့ ဓာတ်ပြုမှုစနစ် ရမရ စမ်းသပ်တဲ့ အဆင့်ပဲဖြစ်ပါတယ်။

ဒီစက်ရုံစီမံကိန်း ပြီးစီးသွားရင် စက်ရုံခွဲ စုစုပေါင်း ၆ ခု ပါဝင်မှာပါ။ အိန္ဒိယအင်ဂျင်နီယာတွေက ရုရှားအကြံပေးတွေ နဲ့အတူ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေကြပြီး ရုရှားဘက်ကတော့ အဓိကနျူကလီးယား အစိတ်အပိုင်းတွေ၊ ဒီဇိုင်းပုံစံငယ်တွေနဲ့ သန့်စင်ပြီးသား ယူရေနီယမ်လောင်စာတွေကို ပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။ ပထမနဲ့ ဒုတိယ စက်ရုံခွဲတွေကိုတော့ ၂၀၁၃ နဲ့ ၂၀၁၆ ခုနှစ်တွေတုန်းက အမျိုးသားဓာတ်အားလိုင်းနဲ့ စတင်ချိတ်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။

စတုတ္ထမြောက် စက်ရုံခွဲ စမ်းသပ်လည်ပတ်ရေး လုပ်ငန်းတွေကို လာမယ့်နှစ်ကုန်ပိုင်းမှာ စတင်တော့မှာ ဖြစ်တယ် လို့ နယူးဒေလီမှာ ပြီးဆုံသွားခဲ့တဲ့ BRICS ထိပ်သီးအစည်းအဝေး ပြင်ပအင်တာဗျူးမှာ အဲ့ဒိစီအီးအို က ပြောခဲ့တာပါ။  ပဉ္စမနဲ့ ဆဋ္ဌမမြောက် စက်ရုံခွဲတွေအတွက် စမ်းသပ်လည်ပတ်ရေး လုပ်ငန်းတွေကိုတော့ ၂၀၂၈-၂၀၂၉ တွင်းမှာ စတင်သွားမယ်လို့လည်း သူက ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

ရုရှားအကြီးအကဲက အခုလို နက်နက်ရှိုင်းရှိုင်း နျူကလီးယား ပူးပေါင်းဆောင်ရွက်နိုင်ဖို့ဆိုတာ "နိုင်ငံတော်အကြီး အကဲတွေ၊ အစိုးရတွေနဲ့ ပြည်သူတွေအကြား သီးသန့် ယုံကြည်မှုမျိုး ရှိဖို့ လိုအပ်ပါတယ်... ဒါဟာ ဆယ်စုနှစ်ပေါင်းများစွာ နီးကပ်တဲ့ ဆက်ဆံရေးနဲ့ ပေါင်းစည်းထားတဲ့ ပြည်သူတွေကြားမှာပဲ တည်ဆောက်လို့ ရနိုင်တာပါ" လို့ အလေးပေး ပြောကြားခဲ့တာဖြစ်ပါတယ်။ နှစ်နိုင်ငံ နျူကလီးယား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စဟာ BRICS ထိပ်သီးအစည်းအဝေး ပြင်ပမှာပြုလုပ်တဲ့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီနဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့ရဲ့ ဆွေးနွေးပွဲမှာ အဓိက ခေါင်းစဉ်တစ်ခု အဖြစ် ပါဝင်ခဲ့ပါတယ်။


REF: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)