ပေါင်၊ စက်တင်ဘာ ၁၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တာဝန်ယူဆောင်ရွက်နေသည့် ပသျှူးပိုင်း-နတ်စင်ကုန်းလမ်း ပေါ်ရှိတံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအား စက်တင်ဘာလ(၁၄)ရက်နေ့မွန်းလွဲပိုင်းက မွန်ပြည်နယ်တာဝန်ခံ၊အင်ဂျင်နီယာချုပ်နှင့်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးရွာနေပြည်သူများ လမ်းပန်းဆက်သွယ် ရေး လွယ်ကူချောမွေ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသထွက်ကုန်များ လွယ်လင့်တကူ ရောင်းဝယ်နိုင်ခြင်းဖြင့် လူမှုစီးပွားဘဝ တိုးတက်လာနိုင်စေရေးအတွက် ပသျှူးပိုင်း-နတ်စင်ကုန်းလမ်း ပေါ်ရှိ တံတားတည်ဆောက်ခြင်းလုပ်ငန်းကို ယခုနှစ် ဇွန်လ (၁၂)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ (၁၂)ရက်နေ့တွင်လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ ပသျှူးပိုင်း-နတ်စင်ကုန်းလမ်း ပေါ်ရှိတံတားတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၁၁၆.၀၀၀)သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
မွန်မလေး
#News #Myanmar

No comments:
Post a Comment