နယ်သာလန်နဲ့ အစ္စရေးတို့ သံတမန်ရေးရာကိစ္စ စ ငြိပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

နယ်သာလန်နဲ့ အစ္စရေးတို့ သံတမန်ရေးရာကိစ္စ စ ငြိပြီ


စက်တင်ဘာ - ၃၀ ( ဗုဒ္ဓဟူးနေ့ ) 

အနောက်ဘက်ကမ်းဒေသ ရာမလာ  မြို့က နယ်သာလန်( ဒက်ချ်) သံတမန်တွေရဲ့ သံတမန် အဆင့်အတန်း အခွင့်အရေးကို ရုပ်သိမ်းလိုက်တဲ့ အစ္စရေးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးဌာနက အစ္စရေးသံအမတ် ဇတ်ဗီ ဗေပနီ ကို တနင်္လာနေ့မှာ ဆင့်ခေါ်တွေ့ဆုံခဲ့ပါတယ်။

နယ်သာလန် နိုင်ငံခြားရေးဝန်ကြီး တွမ်ဘာရာဆန် က အစ္စရေးရဲ့ ဒီလုပ်ရပ်ဟာ "မလိုအပ်တဲ့ လုပ်ရပ်" ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပြီး "အလွန်ပဲ ကြီးမားဆိုးရွားတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ" ရှိလာလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ 

ဒီ ဆုံးဖြတ်ချက်ကို အစ္စရေးနိုင်ငံခြားရေး ဝန်ကြီး ဂီဒွန်ဆာအာ  က တနင်္ဂနွေနေ့မှာ စတင်ကြေညာခဲ့တာ ဖြစ်ပြီး ဒတ်ချ်သံတမန်တွေဆီက "အစ္စရေးကနေ ထုတ်ပေးထားတဲ့ သံတမန်ဆိုင်ရာ အထောက်အထား စာရွက်စာတမ်းတွေ" ကို ရုပ်သိမ်းလိုက်ကာ ၇ ရက်အတွင်း ပြန်လည်အပ်နှံဖို့ တောင်းဆိုခဲ့တာပါ။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးကတော့ အနောက်ဘက်ကမ်းမှာ အစ္စရေးတွေရဲ့ တရားမဝင် အခြေချနေထိုင်ရာ ဒေသတွေနဲ့ ဂိုလန်ကုန်းမြင့် ဒေသတွေကထွက်တဲ့ အစ္စရေးကုန်ပစ္စည်းတွေကို နယ်သာလန်က တင်သွင်းခွင့် ပိတ်ပင်လိုက်တာကို အကြောင်းပြပြီး ခုလို အရေးယူခဲ့တာဖြစ်ပါတယ်။

"နယ်သာလန်အနေနဲ့ ပါလက်စတိုင်းဆိုင်ရာ သူတို့ရဲ့ အကျိုးစီးပွားတွေကို ဆက်လက်ပြီး ဖလှယ် ချိတ်ဆက်ချင်တယ်ဆိုရင် အစ္စရေးပိုင်နက်ထဲကနေ မဟုတ်ဘဲ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ ပိုင်နက်ထဲကနေပဲ ဆောင်ရွက်နိုင်ပါတယ်" လို့ ဆာအာ က ပြောကြားခဲ့ပြီး နယ်သာလန်အစိုးရဟာ "အစ္စရေးဆန့်ကျင်ရေး မူဝါဒတွေ" ကို ကျင့်သုံးနေပါတယ်လို့ စွပ်စွဲခဲ့ပါတယ်။

ပြဿနာက အနောက်ဘက်ကမ်းဒေသကို သွားရောက်ဖို့ဆိုရင် အစ္စရေးနိုင်ငံကနေတစ်ဆင့် သို့မဟုတ် အစ္စရေးက ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေကနေတစ်ဆင့်မှသာ သွားရောက်လို့ ရနိုင်တာပဲ ဖြစ်ပါတယ်။


REF: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)