ပေါင်၊ စက်တင်ဘာ ၃၀
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ လေဖိအားနည်းရပ်ဝန်းကြောင့် မိုးများအဆက်မပြတ် ရွာသွန်းလျက်ရှိရာ ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ချောင်း၊ မြောင်းများတွင် ပိတ်ဆို့နေသည့် ပေါင်းမြက်များနှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်းကို ယမန်နေ့က မြို့ပေါ်(၄)ရပ်ကွက် နှင့် ကန်ဖြူကျေးရွာ၊စွမ်းမြန်မာစက်သုံးဆီအရောင်းဆိုင်အနီး၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင် နှင့်တာဝန်ရှိသူများ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊တပ်မတော်သားများ၊ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ပူးပေါင်းကာ ရေမြောင်းများတူးဖော်ခြင်း၊သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များဆယ်ယူခြင်း၊ချုံနွယ်၊ပေါင်းမြက်များရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဆောင်ရွက်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် ရေကြီးရေလျှံမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မွန်မလေး
#News #Myanmar




No comments:
Post a Comment