ပခုက္ကူ၊ စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ကိုယ်ပိုင်ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက်အမျိုးသားဘောလုံး အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲ၃နာရီအချိန်က ခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ပထမဦးစွာ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား ကျောင်းသူများက တေးသီချင်းအကများဖြင့် ကပြဖျော်ဖြေကြပြီး ဗိုလ်လုပွဲစဉ်အဖြစ်အမေ့အိမ်နှင့်ရာပြည့်စံကိုယ်ပိုင်ကျောင်းတို့ယှဉ်ပြိုင်ကစားကြရာပင်နယ်တီအဆုံးအဖြတ်ဖြင့် အမေ့အိမ်ကိုယ် ပိုင်ကျောင်းက အနိုင်ရဗိုလ်စွဲသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းနိုင်စိုး၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်နာယက ဦးရဲထွဋ်၊ ဥက္ကဋ္ဌ ဦးကျော်အေး၊ ကိုယ်ပိုင်ကျောင်းများမှတာဝန်ရှိသူများက တံခွန်စိုက်(ပထမ)ဆု၊ဒုတိယဆုနှင့်တတိယဆုများ၊အသန့်ရှင်း ဆုံးဆု၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆု၊ နေရာအလိုက်အကောင်းဆုံးအားကစားသမားဆုများ၊ တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်များနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
#News #Myanmar





No comments:
Post a Comment