ဘန်ကောက် က ရေဆိုးမြောင်းတွေထဲကို ဓာတုယိုစိမ့်မှုဖြစ်လို့ ရှင်းလင်းမှု လုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking


ဘန်ကောက် က ရေဆိုးမြောင်းတွေထဲကို ဓာတုယိုစိမ့်မှုဖြစ်လို့ ရှင်းလင်းမှု လုပ်



စက်တင်ဘာ - ၈ ( အင်္ဂါနေ့ ) 

ဘန်ကောက်အာဏာပိုင်များက ရာမ ၃ လမ်း တံတားအောက်ရှိ ရေမြောင်းများအတွင်းမှ ပြင်းထန်သော ဓာတုဗေဒနှင့် ဆီနံ့ဆိုးများ ထွက်ပေါ်နေကြောင်း ခလောင်ထိုအိ  နှင့် ယန်နဝါ  မြို့နယ်အစပ် နေထိုင်သူများ၏ သတင်းပေးပို့ချက်ကြောင့် တနင်္လာနေ့ညနေ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၇ ရက်) တွင် အရေးပေါ် ဆောင်ရွက်မှုတစ်ခုကို စတင်ခဲ့ပါတယ်။

ထိုအနံ့ဆိုးများကြောင့် ရေမြောင်းစနစ်အတွင်း မီးလောင်လွယ်သော ဓာတ်ငွေ့များမှတစ်ဆင့် မီးလောင်မှု သို့မဟုတ် ပေါက်ကွဲမှုဖြစ်ပွားနိုင်ခြေ အပါအဝင် ပြည်သူလူထု၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့ပါတယ်။

ဘန်ကောက်မြို့တော်ဝန် ချတ်ချတ် စစ်သီဖန်း က ခလောင်ထိုအိ  နဲ့ ယန်နဝါ  မြို့နယ်ရုံးများ၊ ရေနုတ်မြောင်းနှင့် ရေဆိုးထုတ်လုပ်ရေး ဌာန၊ ညစ်ညမ်းမှု ထိန်းချုပ်ရေး ဌာနနှင့် ကယ်ဆယ်ရေး အဖွဲ့များမှ တာဝန်ရှိသူများနှင့်အတူ အရေးပေါ် ကွင်းဆင်း စစ်ဆေးမှုကို ဦးဆောင်ခဲ့ပါတယ်။  ထိုစစ်ဆေးဆောင်ရွက်မှုသည် ဘေးအန္တရာယ် ဖြစ်နိုင်ခြေများကို ဆန်းစစ်ရန်နှင့် ဘန်ကောက်မြို့၏ ရေနုတ်မြောင်း ကွန်ရက်တစ်ခုလုံးသို့ ဆီညစ်ညမ်းမှုများ ပျံ့နှံ့မသွားစေရန် တားဆီးရေးကို အဓိကထား ဆောင်ရွက်ခဲ့ပါတယ်။ 

တုံ့ပြန်ရေးအဖွဲ့များက ညစ်ညမ်းမှုများကို ထိန်းချုပ်ရန်နဲ့ ဘေးပတ်ဝန်းကျင် အနီးနားဧရိယာများသို့ မပြန့်နှံ့စေရန် ရေနုတ်မြောင်းစနစ်အတွင်း ဆီစုပ်ယူနိုင်သော အတားအဆီးများ ကို တပ်ဆင်ခဲ့ကြပါတယ်။ 

ထို့အပြင် အနံ့ဆိုးများနဲ့ ဓာတ်ငွေ့ထွက်ရှိမှုများကို လျှော့ချရန်အတွက် အထူးဆီဖယ်ရှားရေး ဆေးရည်ကိုလည်း ဖျန်းပေးခဲ့ကြပါတယ်။ ဆောင်ရွက်မှုကို သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရေးနဲ့ ဂေဟစနစ်အတွင်း ဘေးထွက်ဆိုးကျိုးများ မကျန်ရစ်စေရေးအတွက် ဆီမော်လီကျူးများကို ဖြိုခွဲပေးနိုင်ရန် ရည်ရွယ်ပြီး လုပ်ခဲ့ကြပါတယ်။ 

တာဝန်ရှိသူများက ရေမြောင်းဝများ နဲ့ အနီးနားဧရိယာများရှိ လေထုအတွင်း လွယ်ကူစွာ အငွေ့ပျံတတ်သော အော်ဂဲနစ်ဒြပ်ပေါင်းများ (VOCs) ပါဝင်မှုကို စစ်ဆေးရန် စောင့်ကြည့်ရေးကိရိယာများကို အသုံးပြုခဲ့ကြပြီး ဒေသခံများအတွက် ဖြစ်ပေါ်လာနိုင်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဘေးအန္တရာယ်များကို ဆန်းစစ်ခဲ့ကြပါတယ်။ 


REF: The Nation

#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)