ယူကရိန်းစစ်သားတွေက တစ်လကို ၃ သောင်းလောက် ထိခိုက် ကျဆုံးနေတယ်လို့ ပိုလန်ဝန်ကြီးချုပ်ပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူကရိန်းစစ်သားတွေက တစ်လကို ၃ သောင်းလောက် ထိခိုက် ကျဆုံးနေတယ်လို့ ပိုလန်ဝန်ကြီးချုပ်ပြော


စက်တင်ဘာ - ၁၉ ( စနေနေ့ ) 

ရုရှားနဲ့ဖြစ်ပွားနေတဲ့ ပဋိပက္ခမှာ ယူကရိန်းစစ်တပ်ဟာ တစ်လကို ထိခိုက်သေဆုံးဒဏ်ရာရသူ  ၂၇,၀၀၀ အထိ ရှိနေတယ်လို့ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တပ်စ် က ပြောကြားလိုက်ပါတယ်။ ဒါဟာ ယူကရိန်းဘက်က ဆုံးရှုံးမှုအခြေအနေနဲ့ ပတ်သက်ပြီး အများသိအောင် ထုတ်ဖော်ပြောဆိုတာ အလွန်ရှားပါးတဲ့ ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။

ယူကရိန်းရော ရုရှားပါ သူတို့ရဲ့စစ်မြေပြင် ထိခိုက်သေဆုံးမှုစာရင်းတွေကို ပုံမှန်ထုတ်ပြန်လေ့ မရှိပါဘူး။ ယူကရိန်းကို ကျောထောက်နောက်ခံပြုပေးနေတဲ့ ဥရောပနိုင်ငံတွေကလည်း ယူကရိန်းစစ်သား ဘယ်လောက် အထိ သေဆုံး၊ ဒဏ်ရာရတယ်ဆိုတဲ့ တိကျတဲ့ စာရင်းအချက်အလက်တွေ ဒါမှမဟုတ် ခန့်မှန်းခြေတွေကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုဖို့ တတ်နိုင်သမျှ ရှောင်ရှားလေ့ရှိကြပါတယ်။

ဥရောပမှာ ယူကရိန်းကို အခိုင်မာဆုံး ထောက်ခံအားပေးသူတစ်ဦးဖြစ်တဲ့ ဒေါ်နယ်တပ်စ်က ဒီထိခိုက်ဆုံးရှုံးမှုနှုန်းကို ကြာသပတေးနေ့က ပိုလန်ပါလီမန်မှာ ပြုလုပ်ခဲ့တဲ့ မိန့်ခွန်းပြောကြားမှုအတွင်းမှာ ဖော်ပြပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ‘ရုရှားရဲ့ နည်းဗျူဟာအသစ်၊ အထူးသဖြင့် ဂျက်လေယာဉ်လို မောင်းနှင်တဲ့ ဒရုန်းတွေလိုမျိုး သူတို့ရဲ့ နည်းပညာစွမ်းရည်အသစ်တွေက ယူကရိန်းဘက်ကို ပိုပြီးကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်စေပါတယ်’ လို့ သူက ပြောကြားခဲ့ပါတယ်။

"ဒီနှစ် ဖေဖော်ဝါရီလတုန်းကတော့ ရုရှားနဲ့ ပဋိပက္ခစတင်ပြင်းထန်လာခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကစလို့ ယူကရိန်းစစ်သား အနည်းဆုံး ၅၅,၀၀၀ သေဆုံးခဲ့ပြီလို့ ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်းစကီးက ပြောကြားခဲ့ပါတယ်။ ဇူလိုင်လမှာတော့ သေဆုံးသူ ၅၀,၀၀၀ နဲ့ ဒဏ်ရာရသူ ၄၀၀,၀၀၀ အထိ ရှိလာခဲ့ပြီး၊ စာရင်းဇယားအတိအကျ မသိရသေးဘဲ ပျောက်ဆုံးနေသူတွေလည်း ‘အများအပြား’ ရှိနေဆဲဖြစ်ကြောင်း သူက ဆိုပါတယ်။"

ယူကရိန်းရဲ့ ဆုံးရှုံးမှုတွေက ဒီထက်အများကြီး ပိုများတယ်လို့ မော်စကိုဘက်က ဆိုထားပြီး၊ အမှန်တကယ် ဆုံးရှုံးသွားတဲ့ အရေအတွက် အစစ်အမှန်ကို ကိဗ်အစိုးရက လူထုကို ဖုံးကွယ်ထားတယ်လို့လည်း စွပ်စွဲပြောဆိုထားပါတယ်။ 

ရုရှားစစ်ဦးစီးချုပ် ကတော့ ရက်ပေါင်း ၂၆၀ လောက်ကြာမြင့်ခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းက ရုရှားနိုင်ငံ ကာ့စ်ဒေသဘက်ကို ယူကရိန်းတို့ရဲ့ ကျူးကျော်ဝင်ရောက်ဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့တဲ့ ဖြစ်စဉ်အတွင်းမှာတင် ယူကရိန်းစစ်သား ၇၆,၀၀၀ ကျော် သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ယူကရိန်းဟာ ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာတင် ဒွန်ဘတ်စ်  ဒေသမှာ စစ်သား ၃,၀၀၀ နီးပါး ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။


REF: RT

#News #Myanmar 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)