ပုဇွန်တောင်၊ စက်တင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်ဥပဒေရုံး၏ ကြီးကြပ်မှုဖြင့် ဥပဒေ အသိပညာပြန့်ပွားရေးဆင့်ပွားသင်တန်း (၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သီတာမွန်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အတွင်းရှိ ဆယ်အိမ် မှူး/ ရာအိမ်မှူးများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းဦးက အဖွင့်အမှာစကား ပြော ကြားရာ၌ ဥပဒေအသိပညာပြန့်ပွားစေရေးကို ဆောင်ရွက်ပေးခြင်းဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဖော်ဆောင်ရေးကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် အဂတိလိုက်စားမှု ကင်းစင်သော နိုင်ငံတစ်နိုင်ငံဖြစ်လာပြီး အကျိုးကျေးဇူးများ ရရှိလာနိုင်မှာဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ဥပဒေအရာရှိ ဦးဆက်ပိုင်မှူးက “ဥပဒေပညာသည် အကျင့်သိက္ခာ နှင့်ပြည့်စုံသောပညာဖြစ်သည်” ဟူသည့်ဆောင်ပုဒ်နှင့်အညီ ဥပဒေဆိုင်ရာအခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ရန်၊ ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ ပိုမိုအားကောင်းလာ စေရန်၊ အများပြည်သူ၏ ယုံကြည်အားကိုးမှုမြှင့်တင်ရန်နှင့် တရားမျှတမှုကဏ္ဍ ပြုပြင်ပြောင်းလဲ ရေးတွင် ပါဝင်ဆောင်ရွက်ရန်ဟူသည့် ရည်မှန်းချက်ပန်းတိုင်များ ထားရှိအကောင်အထည်ဖော် ဆောင်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှု၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၏ဦးဆောင်မှုတို့ဖြင့် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တာဝန်ကျဘာသာရပ်အလိုက် ဆွေးနွေးပို့ချခဲ့ကြပြီး
အဆိုပါသင်တန်းကို စက်တင်ဘာ (၂၄) ရက်မှ အောက်တိုဘာ (၂၅) ရက်နေ့ထိ သင်တန်းသား (၈၀) ဦးဖြင့် ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
စုယဉ်ချစ်
#News #Myanmar



No comments:
Post a Comment